K pop

■ SM Entertainment ရဲ့ ရက်ရောမှုကို ပရိသတ်တွေ မယုံနိုင်အောင် ဖြစ်နေ

— – – ဝေဖန်လေ့ရှိတဲ့ ကိုရီးယား Netizens တွေဟာ SM Entertainment ရဲ့ ရက်ရောမှုအပေါ် ချီးကျူးမဆုံး …

SM Entertainment ဟာ ဒီဇင်ဘာ (၂၈)ရက်မှာ သူတို့အနေနဲ့ Family Online Concert ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပြီး အဲဒီမှာ ပါဝင်ဖျော်ဖြေမဲ့ အနုပညာရှင်တွေစာရင်းကိုပါ ထုတ်ဖော်ပြသခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀း၃၀) နာရီ ကျင်းပမဲ့ ‘SM TOWN LIVE’ မှာ SM ရဲ့ ထိပ်တန်းအဆိုတော်တွေဖြစ်တဲ့ Kangta, TVXQ, Super Junior, Girls’ Generation (Taeyeon), SHINee (Taemin), EXO (Baekhyun, Kai), Red Velvet, NCT (and all the subunits), SuperM နဲ့ aespa တို့ ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

‘SM TOWN LIVE’ မှာ အေဂျင်စီရဲ့ ထိပ်တန်းအနုပညာရှင်တွေ အတော်လေး စုံလင်ပေမဲ့ SM Entertainment က အဲဒီပွဲကို Free(အခမဲ့) ထုတ်လွှင့်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်ကို တွေ့ပြီးနောက်မှာ ကိုရီးယား Netizen တွေသာမက ကမ္ဘာ့အနှံက ပရိသတ်တွေပါ SM Entertainment ရဲ့ လုပ်ရပ်ချီးကျူးခဲ့ကြပြီး ယုံတေင် မယုံနိုင်ဘူးလို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

‘SM TOWN LIVE’ ကို VLIVE, You Tube, Facebook, Twitter, Tik Tok အပြင် KNTV ကပါ အချိန်နဲ့ တပြေးညီ အခမဲ့ကြည့်ရှုနိုင်မှာ ပရိသတ်တွေကတော့ SM ရဲ့ ရက်ရောမှုကို ချီးကျူးနေကြပြီး ကြည့်မယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page