K pop

■ BLACKPINK Jisoo ကို မလေးမစားဖော်ပြထားလို့ TC Candler ကို ပရိသတ်များ ဒေါသထွက်

— – – ကမ္ဘာ့အလှဆုံးအမျိုးသမီးစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ Jisoo နဲ့ပတ်သက်ပြီး သူတို့ရဲ့ ဖော်ပြမှုက အတော်လေးဆိုးရွားသလို ပြန်ပြီး တုံ့ပြန်ပုံကလည်း …

ဒီဇင်ဘာ (၂၈)ရက် ညပိုင်းက TC Candler ဟာ နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်နေကျ ကမ္ဘာ့ပေါ်မှာ အချောဆုံးအမျိုးသား (၁၀၀)ဦးနဲ့ အမျိုးသမီး (၁၀၀)ဦးစာရင်းတွေကို ထုတ်ပြန်ခဲ့တာပါ။

ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်တဲ့ အဲဒီစာရင်းတွေမှာ K-Pop အမျိုးသား၊ အမျိုးသမီး Idol တွေ လွှမ်းမိုးခဲ့ကြပြီး BLACKPINK အဖွဲ့ရဲ့ Visual ဖြစ်တဲ့ Jisoo လည်း ပါဝင်ခဲ့ပါတယ်။

Jisoo ဟာ “100 Most Beautiful Faces Of 2020” မှာ နံပါတ် (၅၀)အဖြစ် ဖော်ပြခံခဲ့ရတာဖြစ်ပြီး သူမရဲ့အကြောင်းကို ဖော်ပြတဲ့အခါ TC Candler က “Her English is a pity”(သူမရဲ့ အင်္ဂလိပ်ကတော့ သိပ်မကောင်းဘူး)လို့ ရေးသားခဲ့တာပါ။

“100 Most Beautiful Faces Of 2020” စာရင်းမှာ အင်္ဂလိပ်စကားမပြောတတ်တဲ့ အမျိုးသမီး K-Pop Idol တွေ တော်တော်များများ ပါဝင်ခဲ့ပေမဲ့ Jisoo အလှည့်ကျမှ TC Candler က အဲဒီလိုထည့်ရေးခဲ့တာဟာ ခွဲခြားတဲ့လုပ်ရပ်၊ လေးစားမှု မရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။

ဒါကြောင့် Twitter မှာ #APOLOGIZETOJISOOTccandler ဆိုတဲ့ စာသား TC Candler ဗီဒီယိုထုတ်လွှင့်ပြီးပြီးချင်းမှာပဲ Trend ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

TC Candler က အဲဒီအကြောင်းအရာ တောင်းပန်မှာ မဟုတ်ဘဲ သူတို့အနေနဲ့ Jisoo ကို ချစ်ကြောင်း၊ ဒါကြောင့် Jisoo ပြောလေ့ရှိတဲ့ “What a pity” ကို မှီငြမ်းကာ အပျော်သဘောနဲ့ ရေးထားတာသာ ဖြစ်ကြောင်း ပြန်တင်ခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေကတော့ ဒါက ရယ်စရာမကောင်းကြောင်းနဲ့ သူတို့ရဲ့ လုပ်ရပ်အတွက် ပြန်လည်တောင်းပန်သင့်တယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page