K pop

■ Sana ကျော်ဖြတ်ခဲ့ရတဲ့ ခယောင်းလမ်း

– – – အမြဲတမ်းပြုံးနေတတ်တဲ့ Sana ဆီမှာလည်း တခြားလူတွေလိုပဲ ခက်ခဲပင်ပန်းတဲ့ အချိန်တွေ ရှိခဲ့ဖူးတာပါပဲ။

Sana ကို TWICE အဖွဲ့မှာ Cheerful အဖြစ်ဆုံးအဖွဲ့ဝင်အဖြစ် လူသိများပါတယ်။ သူမက အမြဲပြုံးနေတတ်ပြီး Bright ဖြစ်တဲ့ Personality ကို ပိုင်ဆိုင်ထားသူပါ။ အရာရာအကောင်းမြင်တတ်သူဖြစ်ပြီး ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ ကောင်မလေး Sana။ ဒါက Sana အခက်အခဲမရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အများသူငါလိုပဲ Sana မှာလည်း အခက်အခဲတွေ ရှိပါတယ်။ ဒီနေ့ Sana ဖြစ်လာဖို့ Sana ပေးဆပ်ခဲ့ရတာတွေ အများကြီးပါ။ အဲဒီထဲမှာ မိဘတွေနဲ့ ရှင်ကွဲကွဲနေရတဲ့ အဖြစ်က ထိပ်ဆုံးက ပါနေပါတယ်။

– အသက် (၁၅) နှစ်မှာ ကိုရီးယားရောက်လာသူ


JYP Entertainment မှာ သင်တန်းသူအဖြစ် အသိအမှတ်ပြုခံရပြီး Sana ကိုရီးယားကို လာတုန်းက သူမရဲ့အသက်ဟာ (၁၅) နှစ်ပဲ ရှိပါသေးတယ်။ ပြောရရင်တော့ JYP Audition အောင်ခဲ့စဉ်က Sana ဟာ အလယ်တန်းကျောင်းသူလေးပါ။ မရေရာတဲ့ လမ်းအတွက် ကျောင်းထွက်ပြီး မိဘတွေ မသွားစေချင်ပေမယ့် Sana မှာ အိပ်မက်တွေ ရှိတယ်။ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ Sana ဟာ မိဘတွေကို အတင်းပူဆာပြီး ဂျပန်ကနေ ကိုရီးယား ရောက်လာခဲ့တယ်။ Sana ဟာ Nayeon, Momo တို့နဲ့အတူ ၂၀၁၄ မှာ SIXMIX ဆိုတဲ့အဖွဲ့အဖြစ် ပွဲထွက်ဖို့ လုပ်ခဲ့ပေမယ့် တခြားအဖွဲ့ဝင်တွေ နုတ်ထွက်သွားလို့ အိပ်မက်ပျက်ပြယ်ခဲ့ရပြီး နောက်တစ်နှစ်လေ့ကျင့်ခဲ့ရကာ SIXTEEN ဆိုတဲ့ Survival Show ကို ယှဉ်ပြိုင်ခဲ့ရတယ်။

– ဖိအားတွေနဲ့ Sana


ငယ်ငယ်ရွယ်ရွယ်လေ့ကျင့်ရေးတွေ လုပ်၊ TWICE အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပရိသတ်တွေ စိတ်ဝင်စားမှုခံရတဲ့ ဘဝက Sana အတွက် ဖိအားများလွန်းပါတယ်။ တစ်နေ့ တစ်နေ့ အကောင်းဆုံးဖြစ်အောင် တွေးရင်း၊ စဉ်းစားရင် စိတ်ဖိစီးမှုတွေ ခံစားရပြီး နံနက် အိပ်ယာနိုးလာတာနဲ့ “ဒီနေ့ ငါ့မျက်နှာဘယ်လိုနေလဲ။ လူတွေ ဘယ်လိုထင်ကြမလဲ”စတဲ့ အတွေးတွေက Sana ကို အမြဲနှိပ်စက်နေပါတယ်။ Sana ဟာ TWICE အဖွဲ့ရဲ့ Visual တွေထဲက တစ်ယောက်ဖြစ်ပေမယ့် သူမကိုယ် သူမ ယုံကြည်မှု နည်းပါးလွန်းပါတယ်။

– ဝှက်ထားပေမယ့် မိသားစုကို အမြဲလွမ်းနေသူ


ဘဝမှာ လုံခြုံမှုအရှိဆုံးနေရာ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေ ရှိနေတဲ့ အိမ်ပါပဲ။ TWICE Concert တစ်ခုမှာ မိသားစုတွေ လာအားပေးလို့ Sana တစ်ယောက် စိတ်ခံစားချက်ပြင်းထန်ခဲ့ပါတယ်။ မျက်ရည်တွေ မနည်းထိန်းထားပေမယ့် Sana အနေနဲ့ မိသားစုတွေကို ဘယ်လောက်လွမ်းနေတယ်ဆိုတာ မျက်ဝန်းတွေကို ကြည့်ရင်း သိနိုင်ပါတယ်။

– ပျော်ရွှင်ရေးအတွက် ရုန်းကန်မှု


TWICE အဖွဲ့မှာ အတောက်ပဆုံးနဲ့ အပျော်တတ်ဆုံး ကောင်မလေးအဖြစ် လူသိများတဲ့ Sana။ အဖွဲ့ဝင်တွေကိုယ်တိုင်ကလည်း Sana ဟာ အမြဲပြုံးနေတတ်တယ်။ ရယ်နေတတ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ ဒါပေမဲ့ အဲဒီလို ပျော်ရွှင်ဖို့အတွက် Sana အများကြီး အားထုတ်ခဲ့ရပါတယ်။ သူမကိုယ် သူမ ပျော်ပျော်နေတတ်တယ်လို့ ဆိုပေမယ့် အဲဒီအတွက်မလွယ်ဘူးလို့လည်း Sana ကိုယ်တိုင် ဝန်ခံထားပါတယ်။

SIXTEEN Show မှာတုန်းက Sana ဟာ Minor B မှာ ကျခဲ့ပါတယ်။ တခြားအဖွဲ့ဝင်တွေနဲ့ ညှိမရတာကြောင့် Sana ဟာ အားအင်ကုန်ခမ်းပြီး အရမ်းကို စိတ်ပျက်ခဲ့ရတာပါ။ Sana ဟာ အရမ်းဝမ်းနည်းလာတဲ့ အချိန်မျိုးတွေမှာ ကောင်းကင်က ကြယ်တွေကို တစ်ယောက်တည်း ငေးကြည့်လေ့ရှိတယ်လို့ ဝန်ခံထားပါတယ်။

– သူငယ်ချင်းအတွက် ကျတဲ့ မျက်ရည်


SIXTEEN Show မှာ Momo ထုတ်ပယ်ခံရတုန်းက Sana ငိုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Momo က Sana ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်ပြီး Momo ရဲ့ ရည်မှန်းချက်ပျက်စီးသွားတဲ့အတွက် Sana ပါ ရင်ကွဲခဲ့ရတာပါ။ အဲဒီတုန်းက Sana က “ကျွန်မတို့ နှစ်ယောက် အတူတူပွဲထွက်ဖို့ ရည်မှန်းထားခဲ့ကြတာပါ။ ဒါပေမဲ့ Momo က ကျွန်မ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပိုဆိုးတဲ့ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်”လို့ ဆိုခဲ့ပါတယ်။ ကံကောင်းတာက Sana ရော Momo ပါ မခွဲမခွာနဲ့ TWICE အဖွဲ့ဝင်တွေ အဖြစ် ပွဲထွက်ခွင့်ရခဲ့တာပါ။

– အအေးမိပြီး သီချင်းမဆိုနိုင်ခဲ့လို့ ငိုခဲ့ရ


TWICE အဖွဲ့နဲ့ ပွဲထွက်ပြီးနောက် ပွဲတစ်ခုမှာ Sana ဟာ အအေးမိပြီး အသံပျောက်သွားလို့ သီချင်းမဆိုနိုင်ခဲ့ပါဘူး။ အဲဒီအတွက် Sana ဟာ သူမမှာ အပြစ်ရှိတယ်လို့ ခံစားခဲ့ရပြီး ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပါတယ်။ အဲဒီပွဲမှာ တခြားအဖွဲ့ဝင်တွေက Sana ကို နှစ်သိမ့်ပေးခဲ့ရပြီး ပရိသတ်တွေကလည်း အဆင်ပြေတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။

– ပရိသတ်တွေရဲ့ အချစ်ကြောင့် ကျတဲ့ ပီတီမျက်ရည်


၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ပရိသတ်အမှတ်တရ လက်မှတ်ရေးထိုးပွဲတစ်ခုမှာ Sana ဟာ ပရိသတ်တွေ သူမကို ဘယ်လိုချစ်ခင်ကြောင်း မြင်တွေ့ခွင့်ရခဲ့ပါတယ်။ သူမကို ချစ်ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အချစ်တွေကို မြင်တွေ့ရတဲ့ အခါမှာတော့ Sana ဟာ ခံစားချက်ကို မထိန်းနိုင်တော့ဘဲ မငိုဖို့ ကြိုးစားခဲ့ပေမယ့် ပရိသတ်အုပ်ကြီးကြားမှာပဲ မျက်ရည်တွေက ဘယ်စီး ညာစီး လိမ့်ကျခဲ့ရပါတယ်။

– Cj
via Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page