K pop

■ ARMY တွေရဲ့ အချစ်ခံ လူသား

V က သူ့ရဲ့ နက်ရှိုင်းတဲ့ အသံ၊ ကွန်ပျူတာဂရက်ဖစ်နဲ့ ဆွဲထားသလို ချောမောတဲ့ visual နဲ့ သူ့ရဲ့ 4D personality ကြောင့် လူသိများသူပါ။

ပြီးတော့ V က တကယ်အလေးအနက်ရှိတဲ့ အနုပညာသမားတစ်ဦးဖြစ်ပြီး ဖန်တီးနိုင်စွမ်း မြင့်မားသူလည်း ဖြစ်ပါတယ်။


သူဟာ သီချင်းရေးတာနဲ့ သီချင်းထုတ်လုပ်မှုအပိုင်းတွေမှာ ပါဝင်လေ့ရှိသလို၊ ဓာတ်ပုံရိုက်တာနဲ့ ဖက်ရှင်ပိုင်းမှာလည်း အမြင်ရှိသူပါ။

ဖန်တီးသူတွေမှာ တွေ့ရလေ့ရှိတဲ့ သဘာဝအတိုင်း V ဟာလည်း စိတ်ခံစားမှုပြင်းထန်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ခံစားချက်တွေကို အနုပညာတွေကနေတစ်ဆင့် ထုတ်ပြလေ့ရှိပါတယ်။


V ရဲ့ အဓိက အားသာချက်ဟာ ရိုးသားမှု၊ စင်ကြယ်မှုနဲ့ ခွင့်လွှတ်နိုင်စွမ်းတွေ ဖြစ်ပြီး ဒါတွေကပဲ သူ့ကို လူတွေ ချစ်ကြတဲ့ အချက်တွေဖြစ်သလို၊ V အနေနဲ့ K လောကမှာ အပေါင်းအသင်းဝင်ဆံ့ရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

ဒီတော့ V ဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ အချစ်ကို လက်ခံရရှိထားတာ သိပ်မဆန်းဘူးလို့ ပြောရပါလိမ့်မယ်။

– Cj
via Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page