K pop

■ V ကြောင့် ပြောင်းလဲခဲ့တဲ့ ဘဝလေးတစ်ခု

— – – BTS ကြောင့် ဘဝတွေပြောင်းလဲသွားတဲ့လူတွေ ရှိပါတယ်။ (ပြောင်းလဲဆိုတာ အကောင်းဘက်ကို ပြောင်းတာကို ဆိုလိုခြင်း ဖြစ်)။ ဒီတစ်ခါကတော့ ကလေးတစ်ယောက်အကြောင်းပါ။

အသက် (၉) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ V ဆီကို စာတစ်စောင်ရေးခဲ့ပါတယ်။ ဘာအကြောင်း ရေးထားတယ်ဆိုတာကိုတော့ ကောင်လေးရဲ့စာမှာပဲ သေချာဖတ်ကြည့်လိုက်ပါလို့ တိုက်တွန်းပါတယ်။


—[[[ ချစ်ရပါသော Taehyung Hyung

မင်္ဂလာပါ။ ကျွန်တော်က Yoon Ji Hoo ပါ။ အသက်က (၉) နှစ်ရှိပါပြီ။ ကျွန်တော်က အစ်ကို့ရဲ့ ပရိသတ်ပါ။ တခြား BTS အဖွဲ့ဝင်တွေကို ကျွန်တော် ချစ်ပါတယ်။ ဒါပေမဲ့ အစ်ကို့ကိုတော့ အချစ်ဆုံးပါ။


အရင်တုန်းက ကျွန်တော့်မှာ သူငယ်ချင်းတွေ မရှိပါဘူး။ ကျွန်တော်က ထုံထုံထိုင်းထိုင်းနဲ့ လူတွေရှေ့မှာဆို ကစားမပြောရဲ၊ မပြောတတ်ဘူးပေါ့ဗျာ။ ဒါကြောင့် ကျောင်းမှာ မုန့်စားဆင်းတဲ့အချိန်တွေကို တစ်ယောက်ကစား ပြီးတော့ စာသင်ခန်းထဲ ပြန်သွား။ သူငယ်ချင်းဆိုလို့ တစ်ယောက်မှကို မရှိခဲ့တာပါ။

တစ်နေ့မှာတော့ မေမေက ကျွန်တော့်ကို BTS အခွေတစ်ခွေ ဝယ်လာပေးတယ်။ အဲဒီနောက်မှာတော့ အစ်ကိုတို့ရဲ့ သီချင်းတွေကို ကျွန်တော် နားထောင်တယ်။ အစ်ကိုတို့ရဲ့ Show တွေကို ကျွန်တော် ကြည့်တယ်။ အစ်ကိုတို့နဲ့အတူတူ လိုက်ကတယ်။


အခုဆို ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ သူငယ်ချင်းတွေလည်း ရနေပါပြီ။ ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်ပေးတဲ့အတွက် အစ်ကို့ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ စာရေးတာ ကြာလာပြီဆိုတော့ လက်နာလာပြီဗျာ။ နောက်ထပ်လည်း အစ်ကို့ဆီကို ကျွန်တော် စာရေးပါဦးမယ်။ ဂွတ်ဘိုင် . . .။

မေ ၁၊ ၂၀၁၈ (အင်္ဂါနေ့)
Yoon Ji Hoo ]]]—


ဆိုပြီး ရေးထားတာ ဖြစ်ပါတယ်။ (၉) နှစ်သားကောင်လေးရဲ့ စာလေးကို V တစ်ယောက် ဖတ်မိ၊ မဖတ်မိတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အဲဒီကလေး ရေးခဲ့တဲ့စာဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ အကြီးအကျယ် ပေါက်ခဲ့ပြီး။ အင်တာနက်အသုံးပြုသူတွေက ကလေးကိုရော၊ V ကိုပါ ချီးကျူးခဲ့ကြပါတယ်။

V က အဲဒီကလေးကို ပြန်စာပို့ခဲ့ပြီး သူ့အနေနဲ့ အမြဲအားပေးနေမှာဖြစ်ကြောင်း၊ တစ်နေ့မှာ ဆုံတွေ့လိုကြောင်း ရေးသားခဲ့တယ်လို့ သိရပါတယ်။

– Cj
via Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page