K pop

■ V ရဲ့ ဘဝတစ်ကွေ့

World Wide ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ လွယ်တယ်လို့ မထင်လိုက်ပါနဲ့။

V ဟာ BTS အဖွဲ့ဝင်ဖြစ်ဖို့အတွက် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ အမြဲတမ်းပြုံးရွှင်နေပြီး ဘယ်သူ နဲ့မဆို ပေါင်းသင်းလို့ရတဲ့ အချက်တွေက V ရဲ့ စရိုက်နဲ့ လက္ခဏာဖြစ်ပါတယ်။

V က သစ္စာရှိတယ်။ စနောက်ရတာကို နှစ်သက်တယ်။ ဒါပေမဲ့ V ဟာ အလုပ်ကို စည်းကမ်းတကျနဲ့လုပ်တတ်သူဖြစ်ပြီး အခုလိုကြိုးစားခဲ့လို့လည်း BTS အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။V ရဲ့ ဘဝဟာ BTS အဖွဲ့နဲ့အတူ အခုချိန်မှာ တောက်ပဆုံးအခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ထားပေမယ့် ဒီလမ်းအတွက် သူလျှောက်ခဲ့ရတဲ့ လမ်းတွေကတော့ ခက်ခဲလွန်းပါတယ်။ ဒါတွေကို ကြားတဲ့အခါ ခင်ဗျား ရင်ကွဲမတတ်ခံစားရမယ်လို့ ယုံကြည်ပါတယ်။

ခွင့်လွှတ်တတ်သူ

V က သစ္စာရှိတယ်ဆိုတာကို အပေါ်မှာ ကျွန်တော်ပြောပြီးပါပြီ။ V ဟာ Live တစ်ခုမှာတော့ သူ့ရဲ့ ကျိုးကြေ ဖွယ်ကောင်းတဲ့ ငယ်ဘဝအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

V ဟာ မူလတန်းကျောင်းသားဘဝကတည်းက အ ပေါင်းအသင်းဝင်ဆံ့ခဲ့သူဖြစ်ပါတယ်။ သူငယ်ချင်းတိုင်းက V ကို ချစ်ကြသလို V ကလည်း သူငယ်ချင်းတွေ အပေါ် ချစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ V ကို ချောက်တွန်းချင်တဲ့ သူူငယ်ချင်းတစ်ယောက်က လိပ်စာမပြောဘဲ သူ့ရဲ့မွေးနေ့ပွဲကို လာဖို့ဖိတ်ခဲ့ပါတယ်။

ရိုးသားလွန်းတဲ့ V ဟာ မွေးနေ့ကတ်လေးဝယ်ပြီး သူငယ်ချင်းကို လက်ဆောင်ပေးဖို့ သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဘယ်သွားရမှန်းမသိဘဲ (၃)နာရီလောက် လမ်းပေါ်မှာ မျက် စိလည်နေခဲ့ပါတယ်။ ဖုန်းဆက်တော့လည်း သူငယ်ချင်းက ဖုန်းမကိုင်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ အဲသူငယ် ချင်းနဲ့ အဆက်အသွယ်ပြန်ရပြီး V ဟာ လက်ဆောင်ကို ကိုယ်တိုင်ကိုယ်ကျပေးခဲ့ပါတယ်။ လက်ဆောင်ပေးပြီး မှာတော့ V ဟာ သူငယ်ချင်းကို နှုတ်ဆက်ရင်း အပြန်လမ်းမှာ တစ်ယောက်တည်း ကြိတ်ငိုခဲ့ပါတယ်။

နောက်ပိုင်းမှာ အဲဒီသူငယ်ချင်းက V ရဲ့ အပေါင်းအသင်းဝင်ဆံ့မှုကို မနာလိုတာကြောင့် အဲဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ V ဟာ သူ့ကို အဲဒီလိုလုပ်ရကောင်းလားလို့ သူငယ်ချင်းဖြစ်သူကို စိတ်မဆိုးဘဲ သူ့ကို ခွင့်လွှတ်ကာ သူ့ရဲ့ရိုးသားမှုအတွက် ကျေးဇူးတင်စကားတောင် ဆိုခဲ့ပါသေးတယ်။

V ဟာ အခုအချိန်အထိ အဲဒီသူငယ်ချင်းနဲ့ ဆက်သွယ်နေဆဲဖြစ်ပြီး ကြုံရင် ကျွေးမွေးလေ့ရှိတယ်လို့တောင် ဆိုပါတယ်။

ပွင့်လင်းသူ

Burn The Stage ရဲ့ အပိုင်းတစ်ခုမှာတော့ သီချင်းတစ်ပုဒ်ရဲ့ ကကွက်နဲ့ပတ်သက်ပြီး V နဲ့ BTS အဖွဲ့ရဲ့ အသက်ကြီးဆုံးအဖွဲ့ဝင် Jin တို့ အငြင်းပွားကြပုံပေါ်ပါတယ်။

အဲဒီပြဿနာဟာ တိုတိုတိတ်တိတ်ပြောဆိုနေရာ ကနေ သူတစ်ခွန်းကိုယ်တစ်ခွန်းနဲ့ စကားများတဲ့အဆင့်ထိ ရောက်လာခဲ့ပြီး နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင် RM က ဝင်ရောက်ဖျန်ဖြေခဲ့ရတဲ့အထိ ပြဿနာကြီးထွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ RM ဟာ V နဲ့ Jin တို့ ကို အခန်းတစ်ခန်းထဲမှာ ထည့်ထားလိုက်ပြီး ပြဿနာကို အဖြေရှာခိုင်းခဲ့ပါတယ်။

အဲဒီပြဿနာအတွက် Jin က အဖွဲ့ဝင်တွေအားလုံးကို တောင်းပန်ခဲ့ပြီး Jimin ကတော့ နှစ်ယောက်စလုံး အဲဒီကိစ္စမှာ မှားတယ်လို့ ပြောဆိုခဲ့ ပါတယ်။ အခန်းထဲမှာ Jin နဲ့ V တို့နှစ်ယောက်တည်း ပြောဆိုကြတဲ့အခါမှာတော့ သူတို့ဟာ အဖြေရှာတွေ့ခဲ့ပြီး V က ငိုယိုရင်း Jin ကို တောင်းပန်ခဲ့ပါတယ်။

Jin ကလည်း အဲဒီကိစ္စမှာ V ပြောတာမှန်ကြောင်းနဲ့ သူ့ကြောင့် ပြဿနာဖြစ်ခဲ့တဲ့အတွက် V ကို ပြန်တောင်းပန်တဲ့အခါမှာတော့ V ဟာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး Jin ကို ခွင့်လွှတ်ခဲ့ရှာပါတယ်။

နှိမ့်ချလွန်းသူ

V က သူငယ်ချင်းတွေကို အရမ်းချစ်တတ်တဲ့သူဖြစ်ပါတယ်။ အဲဒီလိုပဲ သူဟာ BTS အဖွဲ့ဝင်တွေကိုလည်း အလွန်ချစ်သူဖြစ်ပါတယ်။ BTS ရဲ့ Reality Show တစ်ခုမှာ Jimin အတွက် V ဟာ စာတစ်စောင်ရေးခဲ့ပြီး အဲဒီစာကို Jimin အတွက် သူကိုယ်တိုင်ဖတ်ပြခဲ့ပါတယ်။

သူ့အတွက် Jimin ကူညီခဲ့တာတွေအားလုံးကို အသိအမှတ်ပြုကြောင်းနဲ့ Jimin ကို ဘယ်လိုကူညီရမှန်းမသိတဲ့အတွက် သူနာကျင်ရကြောင်း အဲဒီစာမှာ V က ရေးသားထားပါ။

အဲဒီချိန်မှာ Jimin က သူငယ်ချင်း မင်းကို ငါချစ်တယ်။ ပြီးတော့ မင်းဆီက ငါသင်ယူခဲ့ရတာ တွေ အများကြီးပါလို့ ပြောတဲ့အခါမှာတော့ နှလုံးသားပါးသူ V ဟာ အဲဒီစကားကို ကြားပြီး ငိုခဲ့ပြန်ပါတယ်။

ပရိသတ်တွေအတွက် အရှက်မငဲ့သူ

ARMY တွေ ပျော်ဖို့အတွက်ဆိုရင် V က ဘာဖြစ်ဖြစ် လုပ်ဖို့အသင့်ပါပဲ။

ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင်အဖြစ် သတ်မှတ်ခံရတဲ့ V ဟာ ပရိသတ်ဆီက အပြုံးကို မြင်ရဖို့အတွက် သူ ရုပ်ပျက်သွားမှာကို တစ်ချက်မှ မစိုးရိမ်သူဖြစ်ပါတယ်။

ပရိသတ်တွေ့ဆုံပွဲတစ်ခုမှာ ကောင်မလေးတစ် ယောက် ငိုနေခဲ့တာကြောင့် V ဟာ အဖြေရှာမရဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆံပင်ကို သေသေချာချာ လုပ်ထားတဲ့ V ဟာ သူ့ဆံပင်တွေကို ဖွချေပြီး ပရိသတ်ကောင်မလေးရယ်ဖို့အတွက် လုပ်ပြခဲ့ပါတယ်။

အဖွားဖြစ်သူအတွက် ကျတဲ့မျက်ရည်

V ဟာ BTS အဖွဲ့ဝင်အဖြစ် ပွဲထွက်ပြီးနောက်မှာလည်း အောင်မြင်မှုရဖို့ အဖွဲ့နဲ့အတူ အလွန်ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။
အဖွဲ့နဲ့ပွဲထွက်ပြီးတဲ့အခါ ဆုရတာကို သူ့ရဲ့အဖွားကို ပြချင်ခဲ့ပေမယ့် V ရဲ့ ဆန္ဒဟာ မပြည့်ခဲ့ပါဘူူး။ သူ့ ကို (၁၃)နှစ်လောက် ကျွေးမွေးစောက်ရှောက်ခဲ့တဲ့ V ရဲ့အဘွားဖြစ်သူဟာ BTS အဖွဲ့ ဆုမရခင်မှာပဲ ကွယ်လွန် ခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် Music Bank မှာ BTS အဖွဲ့ ပထမဆုံးဆုရအပြီး V ဟာ အဘွားဖြစ်သူကို လွမ်းဆွတ်ရင်း ငိုနေခဲ့ပါတယ်။

ကလေးချစ်သူ

V ဟာ သူကိုယ်တိုင်က ကလေးတစ်ယောက်လိုဖြူစင်သူဖြစ်သလို ကလေးတွေကိုလည်း အရမ်းချစ်တဲ့သူဖြစ်ပါတယ်။

BTS ရဲ့ လက်မှတ်ထိုးပွဲတွေမှာ ကလေးတွေပါလာတိုင်း V ဟာ လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲ အဲဒီကလေး တွေကို ပွေ့ဖက်ကောက်ချီလေ့ရှိကာ Selfie လည်းရိုက်တတ်ပါသေးတယ်။

ဘဝမမေ့သူ V

V ဟာ သူ့ရဲ့အခက်အခဲတွေအကြောင်းကို အမြဲတမ်းထုတ်ပြောတတ်သူတော့မဟုတ်ပါဘူး။ ဒါပေမဲ့ V ဟာ အခက်အခဲတွေကနေ ဘဝတိုးတက်အောင် သင်ယူလေ့ရှိသူဖြစ်ပြီး ဘဝကိုလည်း မမေ့တတ်သူဖြစ်ပါတယ်။

V ဟာ အတိတ်ကို ပြန်ကြည့်ပြီး သင်ခန်းစားယူလေ့ရှိသလို အခက်အခဲတွေအားလုံးကိုလည်း ကျေးဇူးတင်တယ် လို့ ဆိုပါတယ်။

“ ကျွန်တော် အတိတ်တွေကနေ သင်ယူလေ့ရှိပါတယ်။ ကျွန်တော်ဟာ ဘယ်လိုလူလဲဆိုတာကို ဘယ်တော့မှ မမေ့ပါဘူး။ ဒါကြောင့်ပဲ ဒီနေ့ V ဖြစ်လာရတာပါ” လို့ V က ပြောဆိုခဲ့ပါတယ်။

– Cj
via Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page