K pop

■ Ravi နဲ့ Taeyeon တို့ ဒိတ်နေတဲ့ ဗီဒီယိုဖိုင် ချပြခဲ့တဲ့ သတင်းထောက်ကို ပရိသတ်တွေ ဝေဖန်

-UNICODE

– – – Ravi နဲ့ Taeyeon တို့ ဒိတ်နေတဲ့ ဗီဒီယိုဖိုင်ကို သတင်းထောက်  Lee က ချပြခဲ့ပြီးနောက် ပရိသတ်တွေက ဒါက ပြစ်မှုကျူးလွန်….

သတင်းထောက် Lee Ye Ji က သူမရဲ့ You Tube Channel ဖြစ်တဲ့ Simply Reporter Lee ဆိုတဲ့ Channel မှာ Ravi နဲ့ Taeyeon တို့ ဒိတ်နေတဲ့ ဗီဒီယိုဖိုင်ကို ချပြခဲ့တာ ဖြစ်ပါတယ်။

Ravi နဲ့ Taeyeon တို့ဟာ ခရစ္စမတ်နေ့ကနေ (၂၇) ရက်နေ့အထိ (၂) ညနဲ့ (၃) ရက် (၅၅) နာရီကြာ အတူရှိနေခဲ့ကြောင်း၊ သူတို့နှစ်ယောက်စလုံးဟာ ကျော်ကြားသူတွေဖြစ်တာကြောင့် နေအိမ်မှာပဲ ဒိတ်ခဲ့ကြကြောင်း၊ တစ်ယောက်နဲ့တစ်ယောက် အရမ်းဂရုစိုက်ကြောင်း သတင်းထောက် Lee Ye Ji က ဖော်ပြခဲ့တာပါ။

အဲဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ မကျေမနပ်ဖြစ်ကာ ဒါက သတင်းထောက်အနေနဲ့ Stalker တစ်ယောက်ရဲ့ အပြုအမူမျိုးဖြစ်ပြီး ပြစ်မှု ချိးဖောက်ရာရောက်တယ်လို့ ဆိုခဲ့ကြပါတယ်။ “သတင်းထောက် Lee ရဲ့ လုပ်ရပ်က ပြစ်မှုကျူးလွန်ရာ ရောက်ပါတယ်။ ကာယကံရှင်တွေက ငြင်းဆန်ပြီးတာတောင် သူက Stalker တစ်ယောက်လိုလုပ်နေတာ အဆိုးဆုံးအရာပါ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေသာမက သတင်းထောက်နယ်ပယ်ကလူတချို့ကပါ ဝေဖန်ခဲ့ကြပြီး OH MY NEWS ရဲ့ သတင်းထောက် Kim Jong Sung ကလည်း သတင်းသမားတစ်ဦး မပီသတဲ့လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

“သတင်းထောက် Lee ဟာ ဂျာနယ်လစ်တစ်ယောက်ရဲ့ ပုံစံမျိုး မပြသခဲ့ဘူး။ သူမက Yellow ဂျာနယ်လစ်လို ပြုမူခဲ့တာပါ။ ဒါတွေကို ပြောင်းလဲဖို့ လိုပါပြီ”လို့ သတင်းထောက် Kim Jong Sung က ဝေဖန်ခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI








Ref: Koreaboo


You cannot copy content of this page