– – – အဖွဲ့သားတွေ COVID-19 ကူးစက်ခဲ့လို့ လတ်တလောမှာ ရိုက်ကူးရေး ရပ်နားခဲ့ရတဲ့ ဇာတ်လမ်းတွဲတွေကတော့…..
လတ်တလောမှာ ကိုရီးယားဇာတ်လမ်းတွဲ အများအပြားဟာ COVID-19 ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း ပြန်လည်မြင့်မားနေပြီး ဒါဟာ ဇာတ်လမ်းတွဲရိုက်ကူးရေးအပေါ်လည်း သက်ရောက်မှုတွေ ရှိခဲ့တာပါ။
တလောပဲ ၂၀၂၁ ခုနှစ်အတွင်း ပရိသတ်တွေ အမျှော်လင့်ဆုံးတွေထဲက ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Snowdrop ဟာလည်း အဖွဲ့သားတစ်ဦး COVID ကူးစက်ခဲ့လို့ ရိုက်ကူးရေး ရပ်နားခဲ့ရပါတယ်။
ဒါကြောင့် လတ်တလောမှာ အဖွဲ့သားတွေ COVID-19 ကူးစက်ခဲ့လို့ ရိုက်ကူးရေး ရပ်နားခဲ့ရတဲ့ ဇာတ်လမ်းတွဲ (၈) ခုကို ဖော်ပြပေးလိုက်ရပါတယ်။
Mr. Queen
Hush
Penthouse
Snowdrop
River Where the Moon Rises
Bossam – Stealing Fate
Sisyphus: The Myth
Joseon Exorcist
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်
အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *