K pop

■ BTS အဖွဲ့ဝင် V ကို သဘောကျပါတယ်လို့ ဖွင့်ဟထားတဲ့ ကမ္ဘာတစ်ဝှမ်းက မင်းသမီး (၄) ဦး

-UNICDDE

– – -ဒီမင်းသမီးတွေဟာ V ကို ကြွေပါတယ်လို့ ဆိုထားခဲ့ကြတာဖြစ်ပြီး…

BTS အဖွဲ့ဝင် V ဟာ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ဒါကြောင့် V ကို ပရိသတ်တွေက အချစ်ပိုနေကြတာဖြစ်ပြီး အဲဒီအထဲမှာ ကမ္ဘာတစ်လှမ်းက အနုပညာရှင်တွေလည်း ပါဝင်တာ တွေ့ရမှာပါ။ အခုအခါမှာတော့ V ကို ကြွေပါတယ်လို့ ဖွင့်ဟထားခဲ့တဲ့ မင်းသမီးတွေကို ဖော်ပြပေးချင်ပါတယ်။

Gege Elisa

အင်ဒိုနီးရှား မင်းသမီး Gege Elisa ကလည်း V ကို သဘောကျသူတစ်ယောက်ပါ။ ပရိသတ်တွေ Edit လုပ်ထားတဲ့ သူတို့နှစ်ယောက် အတူတူတွဲထားတဲ့ ဓာတ်ပုံကို Instagram မှာတင်ကာ V အပေါ် ချစ်ခြင်းမေတ္တာကို ပြသခဲ့သူပါ။ သူမဟာ တလောတုန်းက ကိုရီးယား-အင်ဒိုနီးရှား Wed Drama Love Diatance Season 2မှာပါဝင်ထားပါတယ်။

Teresita Ssen Marquez

WynWyn Marquez လို့ လူသိများတဲ့ သူမကတော့ ဖီလစ်ပိုင်မင်းသီးတစ်ယောက်ဖြစ်ပြီး Miss World Philippines 2017 လည်း ဖြစ်ပါတယ်။ BTS ကို ကြွေပါတယ်လို့ ဖွင့်ဟထားသူဖြစ်ပြီး ဂျပန်ကိုသွားကာ BTS ရဲ့ ဖျော်ဖြေပွဲကိုလည်း သွားရောက်ကြည့်ခဲ့သူပါ။ BTS အဖွဲ့ထဲမှာမှ သူမရဲ့ Bias က V ဖြစ်ပါတယ်။

Carol Cheng

Carol Chengကတော့ ဟောင်ကောင်ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး BTS ဖျော်ဖြေပွဲကို သွားရောက်အားပေးတဲ့ပုံကိုလည်း လှုမှုကွန်ရက်မှာ တင်ခဲ့ပါသေးတယ်။ BTS ရဲ့ ပစ္စည်းတွေကိုလည်း ဝယ်ယူပြီး အမာခံ ARMY တစ်ယေက်ဖြစ်ကြောင်း ပြသထားပါတယ်။ BTS ထဲမှာမှ V ကို သဘောကျသူပါ။

Dakota Fanning

အမေရိကန်မင်းသမီး Dakota Fanning ကလည်း BTS အဖွဲ့ဝင် V ကို သဘောကျသူ ဖြစ်ပါတယ်။ BBC ရဲ့ The Graham Norton Show မှာ ပါဝင်တုန်းက V နဲ့ ပတ်သက်တဲ့ သူမရဲ့ ခံစားချက်ကို ဖွင့်ဟခဲ့ပါသေးတယ်။ ဒါကြောင့် V ကတော့ ကမ္ဘာတစ်လှမ်းက အချစ်တွေကိုပါ သိမ်းပိုက်ထားနိုင်တယ်လို့ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI





Gege Elisa


Teresita Ssen Marquez


Carol Cheng


Dakota Fanning


Ref: Koreaboo


You cannot copy content of this page