K pop

■ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး Neitzens တွေ အံ့အားသင့်စေတဲ့အရာကို Dara ဖွင့်ဟ

-UNICODE

– – – သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုကို Sandara Park က ဖွင့်ဟခဲ့ရာမှာတော့…..

2NE1 အဖွဲ့ဝင်ဟောင်း Sandara Park ဟာ KBS2’s ‘Problem Child in House မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ Dara က ကိုယ်အလေးအချိန်နဲ့ ပတ်သက်လို့ Netizens တွေ အံ့အားသင့်ခဲ့ရတဲ့ အရာတစ်ခုကို ဖွင့်ဟခဲ့တာပါ။ ဒါကတော့ Dara ဟာ သူမရဲ့ကိုယ်အလေးအချိန်ဟာ ဘယ်တော့မှ 39 Kg (၈၅ ပေါင်) မကျော်ဖူးဘူးလို့ ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မက အစားစားချင်စိတ် မရှိတာများတယ်။ နေမကောင်းတဲ့အခါလည်း မစားဘူး။ အလုပ်ရှုပ်နေတဲ့အခါလည်း မစားဖြစ်ဘူး”လို့ Dara က ဖွင့်ဟခဲ့ပါတယ်။ ဆက်လက်ပြီး သူမအနေနဲ့ ကိုယ်အလေးချိန်တိုးဖို့ ဆန္ဒရှိကြောင်းလည်း Dara က ဆိုခဲ့ပါသေးတယ်။

“ကျွန်မရဲ့ ဆန္ဒကတော့ ကိုယ်အလေးချိန်တိုးဖို့ပဲ။ ဝတ်တက်ဖို့လည်း အစီအစဉ်တွေ လုပ်ခဲ့ပါတယ်”လို့ Dara က ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး တလောတုန်းကတော့ သူမရဲ့ ကိုယ်အလေးချိန် 7 kg အထိ တိုးလာခဲ့တယ်လို့လည်း Dara က ဆိုပါတယ်။

အဲဒီအတွက် ဟာသတင်ဆက်သူတွေဖြစ်တဲ့ Kim Sook နဲ့ Park Narae တို့ကို ကျေးဇူးတင်မိကြောင်း၊ သူတို့နဲ့ဆိုရင် အစားစာချင်စိတ် ဖြစ်ပေါ်ကြောင်း Dara က ထုတ်ဖော်ခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI








Ref: Koreaboo


You cannot copy content of this page