K pop

■ Rose’ နဲ့ Lisa တို့ Solo Debut အတွက် MV ရိုက်ကူးတော့မယ်လို့ YG Entertainment အတည်ပြု

-UNICODE

– – – Jennie ပြီးနောက် Rose’ နဲ့ Lisa တို့ရဲ့ Solo Debut ကိုလည်း တွေ့မြင်ရတော့မှာဖြစ်ပြီး…..

BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Rose’ နဲ့ Lisa တို့ဟာ နောက်ဆုံးမှာတော့ တစ်ကိုယ်တော်ပွဲထွက်နိုင်တော့မှာပါ။

ဒီဇင်ဘာ (၃၀) ရက်နေ့မှာတော့ YG Entertainemnt က Rose’ နဲ့ Lisa တို့ရဲ့ တစ်ကိုယ်တော်ပွဲထွက်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်သွားခဲ့ပါတယ်။ Rose’ နဲ့ Lisa တို့အနေနဲ့ ပွဲထွက်ဖို့အတွက် ပြင်ဆင်နေကြောင်း၊ MV ရိုက်ကူးတော့မှာဖြစ်ကြောင်း YG က ထုတ်ပြန်ခဲ့တာပါ။

” Rose’ နဲ့ Lisa တို့က တစ်ကိုယ်တော်ပွဲထွက်ဖို့ ပြင်ဆင်နေကြပါပြီ။ လတ်တလောမှာ သူမတို့ဟာ MV ရိုက်ကူးဖို့အဆင်သင့်လည်း ဖြစ်နေပါပြီ။ Jisoo ကတော့ Snowdrop ရိုက်ကူးရေးနဲ့ အလုပ်ရှုပ်နေတဲ့အတွက် Rose’ နဲ့ Lisa တို့က အရင် တစ်ကိုယ်တော်ပွဲထွက်မှာဖြစ်ပြီး မကြာခင်မှာ ထွက်ရှိမဲ့ရက်နဲ့ သီချင်းနာမည်တွေကို ကြေညာပေးသွားပါမယ်”လို့ YG Entertainment က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

YG က ထုတ်ပြန်တဲ့ တစ်ရက်တည်းမှာပဲ OSEN ကလည်း Rose’ ဟာ ဇန်နဝါရီအလယ်လောက်မှာ MV စတင်ရိုက်ကူးတော့မှာလို့ ဖော်ပြခဲ့ပါတယ်။ အရင်တုန်းကတော့ YG ဟာ BLACKPINK အဖွဲ့ဝင် (၄) ယောက်စလုံး တစ်ကိုတော် ပွဲထွက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Jennie က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ Solo သီချင်းနဲ့ ပထမဆုံး တစ်ကိုယ်တော်ပွဲထွက်ခဲ့ပြီးနောက် အခုအခါ Rose’ နဲ့ Lisa တို့က ထပ်မံ ပွဲထွက်တော့မှာပါ။ Jisoo ကလည်း ဇာတ်လမ်းတွဲရိုက်ကူးရေးတွေ ပြီးသွားတဲ့အခါ တစ်ကိုယ်တော် ပွဲထွက်ဖို့ ရှိနေတာပါ။

လတ်တလောမှာတော့ BLACKPINK ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ YG Palm Stage – 2020 BLACKPINK: The Show Concert အတွက် ပြင်ဆင်နေပါတယ်။

-ZAWGYI

■ Rose’ နဲ႔ Lisa တုိ႔ Solo Debut အတြက္ MV ရိုက္ကူးေတာ့မယ္လုိ႔ YG Entertainment အတည္ျပဳ

– – – Jennie ၿပီးေနာက္ Rose’ နဲ႔ Lisa တို႔ရဲ႕ Solo Debut ကိုလည္း ေတြ႕ျမင္ရေတာ့မွာျဖစ္ၿပီး…..

BLACKPINK အဖြဲ႕ဝင္ေတြျဖစ္တဲ့ Rose’ နဲ႔ Lisa တို႔ဟာ ေနာက္ဆုံးမွာေတာ့ တစ္ကိုယ္ေတာ္ပြဲထြက္ႏိုင္ေတာ့မွာပါ။

ဒီဇင္ဘာ (၃၀) ရက္ေန႔မွာေတာ့ YG Entertainemnt က Rose’ နဲ႔ Lisa တို႔ရဲ႕ တစ္ကိုယ္ေတာ္ပြဲထြက္မႈနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္သြားခဲ့ပါတယ္။ Rose’ နဲ႔ Lisa တို႔အေနနဲ႔ ပြဲထြက္ဖို႔အတြက္ ျပင္ဆင္ေနေၾကာင္း၊ MV ႐ိုက္ကူးေတာ့မွာျဖစ္ေၾကာင္း YG က ထုတ္ျပန္ခဲ့တာပါ။

” Rose’ နဲ႔ Lisa တို႔က တစ္ကိုယ္ေတာ္ပြဲထြက္ဖို႔ ျပင္ဆင္ေနၾကပါၿပီ။ လတ္တေလာမွာ သူမတို႔ဟာ MV ႐ိုက္ကူးဖို႔အဆင္သင့္လည္း ျဖစ္ေနပါၿပီ။ Jisoo ကေတာ့ Snowdrop ႐ိုက္ကူးေရးနဲ႔ အလုပ္ရႈပ္ေနတဲ့အတြက္ Rose’ နဲ႔ Lisa တို႔က အရင္ တစ္ကိုယ္ေတာ္ပြဲထြက္မွာျဖစ္ၿပီး မၾကာခင္မွာ ထြက္ရွိမဲ့ရက္နဲ႔ သီခ်င္းနာမည္ေတြကို ေၾကညာေပးသြားပါမယ္”လို႔ YG Entertainment က ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

YG က ထုတ္ျပန္တဲ့ တစ္ရက္တည္းမွာပဲ OSEN ကလည္း Rose’ ဟာ ဇန္နဝါရီအလယ္ေလာက္မွာ MV စတင္႐ိုက္ကူးေတာ့မွာလို႔ ေဖာ္ျပခဲ့ပါတယ္။ အရင္တုန္းကေတာ့ YG ဟာ BLACKPINK အဖြဲ႕ဝင္ (၄) ေယာက္စလုံး တစ္ကိုေတာ္ ပြဲထြက္မယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

Jennie က ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလမွာ Solo သီခ်င္းနဲ႔ ပထမဆုံး တစ္ကိုယ္ေတာ္ပြဲထြက္ခဲ့ၿပီးေနာက္ အခုအခါ Rose’ နဲ႔ Lisa တို႔က ထပ္မံ ပြဲထြက္ေတာ့မွာပါ။ Jisoo ကလည္း ဇာတ္လမ္းတြဲ႐ိုက္ကူးေရးေတြ ၿပီးသြားတဲ့အခါ တစ္ကိုယ္ေတာ္ ပြဲထြက္ဖို႔ ရွိေနတာပါ။

လတ္တေလာမွာေတာ့ BLACKPINK ဟာ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီ (၃၁) ရက္ေန႔မွာ က်င္းပျပဳလုပ္မဲ့ YG Palm Stage – 2020 BLACKPINK: The Show Concert အတြက္ ျပင္ဆင္ေနပါတယ္။

You cannot copy content of this page