K pop

■ MBC Entertainment Awards မှာ Yoo Jae Suk ကို နောက်ခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး Lee Young Ja ဝေဖန်ခံနေရ

-UNICODE

– – – သူမဟာ Yoo Jae Suk နဲ့ ပတ်သက်ပြီးနောက်ပြောင်ပြီး ပြောခဲ့တဲ့ စကားတစ်ခွန်းအတွက်….

MBC Entertainment Awards မှာ ဟာသအနုပညာရှင်နဲ့ Host ဖြစ်သူ Lee Young Ja ဟာ Entertainer of the Year ဆုကို လက်ခံရရှိခဲ့ပါတယ်။

ဆုလက်ခံရရှိအပြီး သူမဟာ ကျေးဇူးတင်စကားပြောကြားရာမှာတော့ Netizens တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူမဟာ အစားအသောက် ကြိုက်နှစ်သက်သူတစ်ယောက်ပီပီ သူမနဲ့ ဆုဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့လူတွေအကြား နှိုင်းယှဉ်မှု ပြုလုပ်သွားခဲ့တာပါ။

Lee Young Ja ဟာ ဟာသဉာဏ်ရွှွင်ရွှင်နဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်သူတွေကို ကြက်သွန်နီတို့လို အစားအစာတွေနဲ့ ခပ်ဆန်းဆန်း ခိုင်းနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Yoo Jae Suk အလှည့်အရောက်မှာတော့ သူမဟာ အရသာမရှိတဲ့ ဘီစကွတ်နဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။

“Yoo Jae Suk ဟာ ဒီနှစ်အတွင်း အလုပ်အရမ်း ကြိုးစားခဲ့ပါတယ်။ Yoo Jae Suk ကို ကျန်းမာရေးအတွက် ထုတ်ထားတဲ့ ဘီစကွတ်လို ခံစားရပါတယ်။ သူဟာ ကောင်းမွန်ပေမဲ့အရသာတော့ မရှိပါဘူး”လို့ Lee Young Ja က ပြောကြားသွားခဲ့ပါတယ်။

ဒီစကားနဲ့ ပတ်သက်ပြီး ပွဲကိုတက်ရောက်လာသူတွေက သဘောကျကြီး လက်ခုပ်တီးခဲ့ကြပေမဲ့ Netizens တွေကြားမှာတော့ Lee Young Ja ဟာ မျက်နှာပန်းမလှပခဲ့ပါဘူး။ ဒါဟာ ရိုင်းစိုင်းတဲ့ပုံစံဖြစ်တယ်လို့လည်း Netizens တွေက Lee Young Ja ကို ဝေဖန်ခဲ့ကြပါတယ်။

“ဘယ်လိုတောင် ရိုင်းလိုက်တာလဲ” “သူကလည်း အရသာမရှိတဲ့ ဘီစကွတ်ပါပဲ” “ဒါကလုံး၀ သက်သောင့်သက်သာ မဖြစ်စေတာပါပဲ”လို့ Netizens တွေက ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း K-Netizens တွေကို တန်ပြန်ဝေဖန်ခဲ့ကြပြီး သူတို့ဟာ ဘယ်အရာမဆို အမြဲ မသက်မသာဖြစ်နေကြောင်း၊ ဟာသကိုဟာသလို မြင်စေချင်ကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ MBC Entertainment Awards မွာ Yoo Jae Suk ကို ေနာက္ခဲ့တဲ့ စကားနဲ႔ ပတ္သက္ၿပီး Lee Young Ja ေ၀ဖန္ခံေနရ

– – – သူမဟာ Yoo Jae Suk နဲ႔ ပတ္သက္ၿပီးေနာက္ေျပာင္ၿပီး ေျပာခဲ့တဲ့ စကားတစ္ခြန္းအတြက္….

MBC Entertainment Awards မွာ ဟာသအႏုပညာရွင္နဲ႔ Host ျဖစ္သူ Lee Young Ja ဟာ Entertainer of the Year ဆုကို လက္ခံရရွိခဲ့ပါတယ္။

ဆုလက္ခံရရွိအၿပီး သူမဟာ ေက်းဇူးတင္စကားေျပာၾကားရာမွာေတာ့ Netizens ေတြရဲ႕ ေဝဖန္မႈနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ သူမဟာ အစားအေသာက္ ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ပီပီ သူမနဲ႔ ဆုဆန္ခါတင္စာရင္းမွာ ပါဝင္တဲ့လူေတြအၾကား ႏႈိင္းယွဥ္မႈ ျပဳလုပ္သြားခဲ့တာပါ။

Lee Young Ja ဟာ ဟာသဉာဏ္႐ႊြင္႐ႊင္နဲ႔ ဆန္ခါတင္စာရင္းမွာ ပါဝင္သူေတြကို ၾကက္သြန္နီတို႔လို အစားအစာေတြနဲ႔ ခပ္ဆန္းဆန္း ခိုင္းႏႈိင္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ Yoo Jae Suk အလွည့္အေရာက္မွာေတာ့ သူမဟာ အရသာမရွိတဲ့ ဘီစကြတ္နဲ႔ ခိုင္းႏႈိင္းသြားခဲ့ပါတယ္။

“Yoo Jae Suk ဟာ ဒီႏွစ္အတြင္း အလုပ္အရမ္း ႀကိဳးစားခဲ့ပါတယ္။ Yoo Jae Suk ကို က်န္းမာေရးအတြက္ ထုတ္ထားတဲ့ ဘီစကြတ္လို ခံစားရပါတယ္။ သူဟာ ေကာင္းမြန္ေပမဲ့အရသာေတာ့ မရွိပါဘူး”လို႔ Lee Young Ja က ေျပာၾကားသြားခဲ့ပါတယ္။

ဒီစကားနဲ႔ ပတ္သက္ၿပီး ပြဲကိုတက္ေရာက္လာသူေတြက သေဘာက်ႀကီး လက္ခုပ္တီးခဲ့ၾကေပမဲ့ Netizens ေတြၾကားမွာေတာ့ Lee Young Ja ဟာ မ်က္ႏွာပန္းမလွပခဲ့ပါဘူး။ ဒါဟာ ႐ိုင္းစိုင္းတဲ့ပုံစံျဖစ္တယ္လို႔လည္း Netizens ေတြက Lee Young Ja ကို ေဝဖန္ခဲ့ၾကပါတယ္။

“ဘယ္လိုေတာင္ ႐ိုင္းလိုက္တာလဲ” “သူကလည္း အရသာမရွိတဲ့ ဘီစကြတ္ပါပဲ” “ဒါကလုံး၀ သက္ေသာင့္သက္သာ မျဖစ္ေစတာပါပဲ”လို႔ Netizens ေတြက ေဝဖန္ခဲ့ၾကပါတယ္။

ဒါေပမဲ့ တစ္ဖက္မွာလည္း K-Netizens ေတြကို တန္ျပန္ေဝဖန္ခဲ့ၾကၿပီး သူတို႔ဟာ ဘယ္အရာမဆို အၿမဲ မသက္မသာျဖစ္ေနေၾကာင္း၊ ဟာသကိုဟာသလို ျမင္ေစခ်င္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page