K pop

■ BTS ထဲမှာ RM ရဲ့ ဂုဏ်ပုဒ်တစ်ခုကို V လိုက်မီတော့မှာလား

-UNICODE

– – – ဒါက V ဖြစ်ချင်တဲ့ဆန္ဒလည်း ဖြစ်နေပြီး အမှန်တကယ် ဖြစ်လာမလားဆိုတာကတော့……

အရွယ်ရောက်ပြီးသားအချိန်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုက ရပ်တန့်သွားပေမဲ့ BTS အဖွဲ့ဝင်တွေအတွက်တော့ ဒီစကားက မမှန်ကန်ပါဘူး။

နိုဝင်ဘာ (၂၅) ရက်နေ့မှာ BTS အဖွဲ့ဝင် Jimin က သူ့ရဲ့အရပ်အမြင့်ဟာ ၁၇၃.၆ စင်တီမီတာကနေ ၁၇၄ စင်တီမီတာအထိ တိုးလာခဲ့ပြီး Suga ရဲ့ အရပ်အမြင့်လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။

BTS ထဲမှာ အသက်အကြီးဆုံး အဖွဲ့ဝင်က RM ဖြစ်ပြီး အရပ်အမြင့်က ၁၈၁ စင်တီမီတာအထိ ရှိနေတာပါ။ V ဟာ အသက် (၂၅) နှစ်ပြည့် မွေးနေ့မှာ သူ့အနေနဲ့ အရပ်အမြင့်တိုးလာခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

သူ့အနေနဲ့ အရင်က ၁၇၉ စင်တီမီတာ ရှိနေခဲ့ရာမှ ၁၈၀ စင်တီမီတာအထိ တိုးလာခဲ့ပြီး အဖေဖြစ်သူရဲ့ အရပ်အမြင့်ကို လိုက်မီသွားခဲ့ပါတယ်။ ဒါကြောင့် V ဟာ RM နဲ့ အရပ်အမြင့် ၁ စင်တီမီတာသာ ကွာဟတော့တာဖြစ်ပြီး ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် မှီလာနိုင်ချေရှိပါတယ်။

အခုနှစ်အစောပိုင်းမှာ V ဟာ သူ့အနေနဲ့ အရပ်ထပ်မံရှည်ရှင်လိုကြောင်း ဖွင်ဟခဲ့ဖူးတာကြောင့် V ရဲ့ ဆန္ဒဖြစ်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI








Ref: Koreaboo


You cannot copy content of this page