K pop

■ ဘာကြောင့် Diet မလုပ်ရသလဲဆိုတာ IU ကို ITZY အဖွဲ့ဝင်တွေ ရှင်းပြ

-UNICODE

– – -ITZY ရဲ့ ရှင်းပြမှုကို IU က ထောက်ခံခဲ့သလို အကြံဉာဏ်ပေးမှုတချို့လည်း ပြုလုပ်ခဲ့ပါတယ်။

IU ရဲ့ You Tube Show မှာ ITZY အဖွဲ့ဝင်တွေက ဧည့်သည်အဖြစ် ပါဝင်ခဲ့ရာမှာတော့ ပရိသတ်တွေမြင်ရတာ ချစ်စရာကောင်းတဲ့ အင်တာဗျူးလေး ဖြစ်ခဲ့ပါတယ်။

အဲဒီမှာ သူမတို့တတွေက အစားအသောက်နဲ့ ပတ်သက်တဲ့အကြောင်း၊ Diet လုပ်တဲ့အကြောင်းတွေကို အပြန်အလှန်ဆွေးနွေးသွားခဲ့ပါတယ်။ Diet ဆိုတာ K-pop Idol တော်တော်များများအတွက်တော့ အရေးပါတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ITZY အဖွဲ့ဝင်တွေက အစားရှောင်တာမျိုးမလုပ်ဘဲ ကောင်းကောင်းစားနေတာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး IU က စိတ်ဝင်စားခဲ့ပြီး ITZY အဖွဲ့ရဲ့ စားသောက်ပုံစံနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။

“ငါကြားတာကတော့ မင်းတို့က အစားအသောက်ကို ကောင်းကောင်းစားပြီး ရှောင်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။ တစ်ချို့အချိန်တွေမှာ Night Snack တွေလည်း စားတယ်တဲ့”လို့ IU က ဖွင့်ဟခဲ့တာပါ။ အဲဒီမှာ ITZY အဖွဲ့ဝင်တွေက သူမတို့အနေနဲ့ Diet မလုပ်ဘဲ ဘာကြောင့် အစားကောင်းကောင်းစားသလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

အထူးသဖြင့် အစားအသောက်ကောင်းကောင်းစားရင် ကောင်းကောင်း ဖျော်ဖြေမှုပြုလုပ်နိုင်တယ်လို့ Yeji က ဖွင့်ဟခဲ့ပါတယ်။ သူမတို့ဟာ Pre-Recording လုပ်ရင် အနည်းဆုံး (၃) ကြိမ်၊ (၄) ကြိမ်လောက်လုပ်ရတဲ့အတွက် အစားကောင်းကောင်းမစားထားရင် ဗိုက်ဆာတာကြောင့် ကောင်းကောင်းမကနိုင်ဘူးလို့ Yeji က ဆိုပါတယ်။

“ကျွန်မတို့က Pre-Recording တစ်ခုမှာ အနည်းဆုံး (၃)၊(၄) ကြိမ်လောက် ပြုလုပ်ရတာလေ။ ဒါကြောင့် ဘာမှမစားထားဘဲ အဲဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အစားကောင်းစားထားရင်တော့ ဖျော်ဖြေမှုကောင်းကောင်း လုပ်နိုင်ပါတယ်”လို့ Yeji က ဖွင့်ဟခဲ့ပါတယ်။

အဲဒီအချက်ကို IU ကလည်း ထောက်ခံခဲ့ပြီး အစားကောင်းကောင်းစားဖို့က အလုပ်အတွက် အရေးကြီးဆုံးပဲလို့ ဆိုခဲ့ပါတယ်။ “အစားကောင်းကောင်း စားရတာက ဖျော်ဖြေမှုအတွက် ခွန်းအားရပါတယ်”လို့ IU က ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ IU က အစားအသောက်ပုံစံနဲ့ ပတ်သက်ပြီးလည်း ITZY အဖွဲ့ဝင်တွေကို အကြံတချို့ ပေးခဲ့ပါတယ်။ အစားကောင်းကောင်းစားတာက အရေးကြီးပေမဲ့ အများကြီးလည်း မစားသင့်ကြောင်း၊ ဖြည်းဖြည်းမှန်မှန်စားဖို့ လိုအပ်ကြောင်း IU က ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ ဘာေၾကာင့္ Diet မလုပ္ရသလဲဆုိတာ IU ကို ITZY အဖြဲ႕၀င္ေတြ ရွင္းျပ

– – -ITZY ရဲ႕ ရွင္းျပမႈကို IU က ေထာက္ခံခဲ့သလို အႀကံဉာဏ္ေပးမႈတခ်ိဳ႕လည္း ျပဳလုပ္ခဲ့ပါတယ္။

IU ရဲ႕ You Tube Show မွာ ITZY အဖြဲ႕ဝင္ေတြက ဧည့္သည္အျဖစ္ ပါဝင္ခဲ့ရာမွာေတာ့ ပရိသတ္ေတြျမင္ရတာ ခ်စ္စရာေကာင္းတဲ့ အင္တာဗ်ဴးေလး ျဖစ္ခဲ့ပါတယ္။

အဲဒီမွာ သူမတို႔တေတြက အစားအေသာက္နဲ႔ ပတ္သက္တဲ့အေၾကာင္း၊ Diet လုပ္တဲ့အေၾကာင္းေတြကို အျပန္အလွန္ေဆြးေႏြးသြားခဲ့ပါတယ္။ Diet ဆိုတာ K-pop Idol ေတာ္ေတာ္မ်ားမ်ားအတြက္ေတာ့ အေရးပါတဲ့အရာတစ္ခုလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ITZY အဖြဲ႕ဝင္ေတြက အစားေရွာင္တာမ်ိဳးမလုပ္ဘဲ ေကာင္းေကာင္းစားေနတာ ျဖစ္ပါတယ္။ ဒီအခ်က္နဲ႔ ပတ္သက္ၿပီး IU က စိတ္ဝင္စားခဲ့ၿပီး ITZY အဖြဲ႕ရဲ႕ စားေသာက္ပုံစံနဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့တာပါ။

“ငါၾကားတာကေတာ့ မင္းတို႔က အစားအေသာက္ကို ေကာင္းေကာင္းစားၿပီး ေရွာင္တာမ်ိဳးလည္း မရွိဘူးလို႔ သိရပါတယ္။ တစ္ခ်ိဳ႕အခ်ိန္ေတြမွာ Night Snack ေတြလည္း စားတယ္တဲ့”လို႔ IU က ဖြင့္ဟခဲ့တာပါ။ အဲဒီမွာ ITZY အဖြဲ႕ဝင္ေတြက သူမတို႔အေနနဲ႔ Diet မလုပ္ဘဲ ဘာေၾကာင့္ အစားေကာင္းေကာင္းစားသလဲဆိုတာ ရွင္းျပသြားခဲ့ပါတယ္။

အထူးသျဖင့္ အစားအေသာက္ေကာင္းေကာင္းစားရင္ ေကာင္းေကာင္း ေဖ်ာ္ေျဖမႈျပဳလုပ္ႏိုင္တယ္လို႔ Yeji က ဖြင့္ဟခဲ့ပါတယ္။ သူမတို႔ဟာ Pre-Recording လုပ္ရင္ အနည္းဆုံး (၃) ႀကိမ္၊ (၄) ႀကိမ္ေလာက္လုပ္ရတဲ့အတြက္ အစားေကာင္းေကာင္းမစားထားရင္ ဗိုက္ဆာတာေၾကာင့္ ေကာင္းေကာင္းမကႏိုင္ဘူးလို႔ Yeji က ဆိုပါတယ္။

“ကြၽန္မတို႔က Pre-Recording တစ္ခုမွာ အနည္းဆုံး (၃)၊(၄) ႀကိမ္ေလာက္ ျပဳလုပ္ရတာေလ။ ဒါေၾကာင့္ ဘာမွမစားထားဘဲ အဲဒီလိုလုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ အစားေကာင္းစားထားရင္ေတာ့ ေဖ်ာ္ေျဖမႈေကာင္းေကာင္း လုပ္ႏိုင္ပါတယ္”လို႔ Yeji က ဖြင့္ဟခဲ့ပါတယ္။

အဲဒီအခ်က္ကို IU ကလည္း ေထာက္ခံခဲ့ၿပီး အစားေကာင္းေကာင္းစားဖို႔က အလုပ္အတြက္ အေရးႀကီးဆုံးပဲလို႔ ဆိုခဲ့ပါတယ္။ “အစားေကာင္းေကာင္း စားရတာက ေဖ်ာ္ေျဖမႈအတြက္ ခြန္းအားရပါတယ္”လို႔ IU က ဖြင့္ဟခဲ့ပါတယ္။

ဒါေပမဲ့ IU က အစားအေသာက္ပုံစံနဲ႔ ပတ္သက္ၿပီးလည္း ITZY အဖြဲ႕ဝင္ေတြကို အႀကံတခ်ိဳ႕ ေပးခဲ့ပါတယ္။ အစားေကာင္းေကာင္းစားတာက အေရးႀကီးေပမဲ့ အမ်ားႀကီးလည္း မစားသင့္ေၾကာင္း၊ ျဖည္းျဖည္းမွန္မွန္စားဖို႔ လိုအပ္ေၾကာင္း IU က ဖြင့္ဟခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page