K pop
■ ကိုယ်ဝန်ဆောင်တွေထိုင်ဖို့ ပြုလုပ်ပေးထားတဲ့ ထိုင်ခုံမှာ ထိုင်ခဲ့တဲ့ အတိတ်က ဖြစ်ရပ်အတွက် Winter ဝေဖန်ခံနေရ
-UNICODE
– – – တစ်ခုခုဆို အဖြစ်သည်းတဲ့ Netizens တွေက Winter ရဲ့ ဖြစ်ရပ်ကို မျက်ကွယ်မပြုခဲ့ဘဲ……
နိုဝင်ဘာ (၂၄) ရက်နေ့မှာ TikTok အသုံးပြုသူတစ်ယောက်က aespa အဖွဲ့ဝင် Winter ဟာ မြေအောက်ရထားပေါ်က ကိုယ်ဝန်ဆောင်တွေအတွက် ပြုလုပ်ပေးထားတဲ့ခုံပေါ်မှာ ထိုင်နေတဲ့ ပုံရိပ်ကို တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပုံရိပ်ဟာ Winter တစ်ယောက် ဂျူနီယာ အထက်တန်းကျောင်းသူဘဝတုန်းက ဓာတ်ပုံဖြစ်ပြီး ပုံထဲမှာတော့ Winter ကို ကျောင်းယူနီဖောင်းနဲ့ တွေ့ရမှာဖြစ်ပြီး ချစ်ရာကောင်းတဲ့အပြုံးကိုလည်း မြင်တွေ့ရမှာပါ။
ဒီပုံရိပ်ဟာ Netizens တွေကြားမှာ ရေပန်းစားနေပြီး အများစုကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထိုင်ဖို့ ပြုလုပ်ထားတဲ့ခုံမှာ ထိုင်နေခဲ့တဲ့အတွက် ဝေဖန်ခဲ့ကြပါတယ်။
တခြားတစ်ဖက်မှာတော့ ပရိသတ်တွေက သူမဘက်က ကာကွယ်ပေးသွားခဲ့ကြပြီး အဲဒီအချိန်မှာ ကိုယ်ဝန်ဆောင်သည်အထိ မရှိလို့ Winter က ရိုးရိုးလေးဝင်ထိုင်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။
Winter ဟာ ဒီအတိုင်း ရိုးရိုးလေးဝင်ထိုင်ခဲ့တာဖြစ်ပေမဲ့ တစ်ခုခုဆိုရင် အဖြစ်သည်းကြတဲ့ Netizens တွေဟာ ဆီလိုအပေါက်ရှာပြီး ဝေဖန်ခဲ့ကြတာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page