K pop

■ IU ရဲ့ တော်ကီအောက်မှာ လက်ထပ်ခွင့်တောင်းတဲ့ပရိသတ် ကျရှုံး

– – -နောက်တော့ IU က အင်တာဗျူး အစီအစဉ်မှာ သူ့ရဲ့ဂျပန်ဆရာက အရမ်းတော်တဲ့အကြောင်း ပြောခဲ့ပါတယ်။

အမြဲလိုလို ချစ်စရာကောင်းလွန်းတဲ့ အပြုအမှုလေးတွေနဲ့ ဖမ်းစားတတ်တဲ့ IU ကို ပရိသတ်တွေအားလုံးက ကြွေစမြဲဖြစ်ပါတယ်။ ဒါကြောင့် IU ဟာ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေး ပရိသတ် အများအပြားကိုသာ ပိုင်ဆိုင်ထားပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Concert တစ်ခုက ဖြစ်ရပ်ကိုတော့ ဒီနေ့အထိ IU ရဲ့ ပရိတ်တွေ မေ့နိုင်ဦးမယ် မထင်ပါဘူး။ အဲဒီ Concert မှာ ပရိသတ်တစ်ယောက်က IU ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ IU ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပရိသတ်ကတော့ မိန်းကလေးပရိသတ်ဖြစ်နေတာပါပဲ။

IU က အဲဒီအသံကိုကြားလိုက်ရပြီး သူ့ကိုလက်ထပ်မှာလားလို့ အတည်ပြုမေးမြန်းခဲ့ရာမှာတော့ အောက်က ပရိသတ်ထုကြီးက ဝိုင်းအော်ခဲ့ပါတယ်။ ဒီမှာတင် မပြီးသွားသေးပါဘူး။ နောက်တော့ IU က အင်တာဗျူး အစီအစဉ်မှာ သူ့ရဲ့ဂျပန်ဆရာက အရမ်းတော်တဲ့အကြောင်း ပြောခဲ့ပါတယ်။

အဲဒီမှာ ခုနက လက်ထပ်ခွင့်တောင်းတဲ့ပရိသတ်က IU ရဲ့ ဂျပန်ဆရာဖြစ်ချင်တယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒီနေရာမှာ IU တုံ့ပြန်လိုက်ပုံက အထာကျလွန်းပြီး အားလုံးမျောသွားခဲ့တဲ့အထိပါပဲ။ “မင်းက ဆရာလုပ်လို့မရဘူး။ ကျွန်မကို လက်ထပ်မှာမလား”တဲ့။

IU ရဲ့ တော်ကီအောက်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပရိသတ်ဟာ ပြန်ကျရှုံးသွားခဲ့ရပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း  မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page