K pop

■ Taeyeon ရွေးချယ်တဲ့ Handsome အဖြစ်ဆုံး Cele (၃)ဦး

— – – Taeyeon ကတော့ သူတို့ကို Handsome အဖြစ်ဆုံးလို့ ဆိုတယ်။ ဒီက ပရိသတ်တွေ သဘောတူ၊ မတူကတော့ ..

Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ဟာ “What Do I Call You?” သီချင်းထုတ်မှုအဖြစ် မေးခွန်း (၁၀၀)၊ အဖြေ (၁၀၀) အင်တာဗျူးလုပ်ခဲ့ပါတယ်။

အဲဒီမှာ သူမအနေနဲ့ Handsome အဖြစ်ဆုံးလို့ ယူဆတဲ့ အမျိုးသားနာမည်ကျော် (၃)ဦးကို ဖွင့်ဟခဲ့ပါတယ်။ Taeyeon ရဲ့ ရွေးချယ်မှုကတော့ …

1. Kang Dongwon


YG မင်းသား Kang Dongwon ဟာ Taeyeon ငယ်ငယ်ကတည်းက အရမ်းနှစ်သက်တဲ့ မင်းသားဖြစ်ပြီး “အိုး သူက အရမ်းချောတာ။ Kang Dong Won လေ။ Dong Won-oppa ပေါ့”လို့ ဆိုပါတယ်။

2. Minho (SHINee)


ဒုတိယနေရာမှာတော့ Taeyeon က SHINee အဖွဲ့ဝင် Minho ကို ရွေးချယ်ခဲ့ပါတယ်။ Minho ဟာ SNSD အဖွဲ့အတွက်တော့ အဖွဲ့ဝင်လိုပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။

3. Lucas (NCT)


Taeyeon ရွေးချယ်ခဲ့တဲ့ တတိယတစ်ယောက်ကတော့ NCT အဖွဲ့ဝင် Lucas ဖြစ်ပါတယ်။

— ဃဲ
Source: GIRLS’ GENERATION (YouTube)

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page