K pop

■ 2020 KBS Drama Awards က Nana ရဲ့ဆွဲဆောင်မှု

— – – ပရိသတ်တွေကတော့ သူမရဲ့ ဝတ်စုံနဲ့ Visual ကိုကြည့်ပြီး Sexy strike ဆိုပြီး မှတ်ချက် …

2020 KBS Drama Awards မှာ Nana ဟာ သူမအနေနဲ့ ဘယ်လောက်အထိ Sexy ကျပြီး ဆွဲဆောင်မှုရှိတယ်လို့ သက်သေပြခဲ့ပါတယ်။

2020 KBS Drama Awards ပွဲကို နာမည်ကျော်တော်တော်များများ တက်ရောက်ခဲ့ကြပြီး Nana က Memorials ရဲ့ သရုပ်ဆောင်အနေနဲ့ တက်ရောက်ခဲ့တာပါ။

သူမရဲ့ အနက်ရောင် V Neckline ပွဲတက်ဝတ်စုံက အတော်လေး Reveal ဖြစ်ခဲ့သလို၊ စကတ်ကိုခွဲကာ သူမရဲ့ ခြေတံအလှကို ပြသခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် Nana ပွဲတက်လာပြီး ဓာတ်ပုံအရိုက်ခံချိန်မှာ ကင်မရာသမားတွေဟာ သူမကို အလွတ်မပေးရိုက်ခဲ့ပြီး သူမရဲ့ ဓာတ်ပုံတွေ တော်တော်များများ အွန်လိုင်းတွေမှာ ပျံ့နှံ့ခဲ့တာပါ။

ပရိသတ်တွေကတော့ Nana ရဲ့ Visual နဲ့ သူမရဲ့ဝတ်စုံက Sexy strike လို့ မှတ်ချက်ပြုခဲ့ပြီး Nana လို ခန္ဓာကိုယ် ပိုင်ဆိုင်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲဆိုပြီး အမျိုးသမီးပရိသတ်တွေက မှတ်ချက်ပေးခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page