– – – ဒီသီချင်းကို ပရိသတ်တွေက အကြိုက်တွေ့နေခဲ့ကြပြီး BTS ရဲ့ နာမည်ကျော်သီချင်း Dynamite ကို ကျော်ဖြတ်နိုင်ခဲ့ကာ…..
BTS ရဲ့ ပထမဆုံး အင်္ဂလိပ်သီချင်း Dynamite ဟာ အလွန်အဓိပ္ပာယ်ပြည့်ဝတဲ့သီချင်းဖြစ်ပြီး အောင်မြင်မှုများစွာလည်း ရယူနိုင်ခဲ့ပါတယ်။
Dynamite ဟာ Billboard နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့သလို Music Charts တော်တော်များများရဲ့ နံပါတ်တစ်နေရာမှာလည်း အချိန်ကြာမြင့်စွာ ရှိနေခဲ့တာပါ။ Dynamite ဟာ Melon မှာလည်း (၃) လနီးပါးကြာ ရပ်တည်နိုင်ခဲ့တဲ့အထိ အောင်မြင်မှု ကြီးမားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ (၂၄) ရက်နေ့မှာတော့ Dynamite ကို ကျော်ဖြတ်နိုင်ခဲ့တဲ့သီချင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီသီချင်းကတော့ Mirani, Munch Man, Khundi Panda နဲ့ MUSH VENOM တို့ သီဆိုထားတဲ့ VVS ပါ။
ဒီသီချင်းကို Show Me The Money အစီအစဉ်ကနေ ပေါ်ထွက်လာခဲ့တဲ့သီချင်းဖြစ်ပြီး နိုဝင်ဘာ (၂၂) ရက်နေ့မှာ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ နားထောင်ရတာ ချောမွေ့ပြီး Rap စာသားတွေကလည်း တက်ကြွမှုကို ပေးစွမ်းတာ တွေ့ရပါတယ်။
ပရိသတ်တွေကတော့ ဒီသီချင်းကို အကြိုက်တွေ့နေကြပြီး ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ “ဒီသီချင်းကို အရမ်းကောင်းတာပဲ” “GroovyRoom ကတော့ ပင်ကိုယ်ပါရမီရှင်ပါပဲ” စသဖြင့် ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။
VVS သီချင်းကို အောက်တွင် ခံစားနိုင်ပါတယ်
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *