Celebrity

■ ဇနီးဖြစ်သူကို ပထမဆုံးအကြိမ် ထုတ်ကြွားလိုက်တဲ့ Gary

— – – Running Man အဖွဲ့ဟောင်း Gary ဟာ ဇနီးဖြစ်သူကို ထုတ်ပြလေ့မရှိပေမဲ့ အခုအခါ …

Running Man အဖွဲ့ဟောင်းတစ်ဦးဖြစ်တဲ့ Gary ဟာ သူ့ရဲ့ဇနီးဖြစ်သူကို ထုတ်ပြလေ့မရှိပေမဲ့ အခုတော့ IG မှာတင် ပရိသတ်တွေကို ပြသခဲ့တာ ဖြစ်ပါတယ်။

Gary ဟာ ၂၀၁၇ ဧပြီလမှာ မင်္ဂလာဆောင်ခဲ့ပြီး အဲဒီတုန်းက ရုတ်တရက်ပုံစံမျိုးဖြစ်ခဲ့တာကြောင့် ပရိသတ်တွေရော၊ လုပ်ဖော်ကိုင်ဖက်တွေပါ အတော်လေး အံ့သြခဲ့ရတာပါ။

အဲဒီနောက်မှာတော့ Gary ဟာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားခဲ့ပြီး အိမ်ထောင်သည်ဘဝကို တည်ဆောက်ခဲ့ကာ သားလေး Haoh အရွယ်ကလေးရတော့မှာ Superman is Back အစီအစဉ်နဲ့အတူ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်စတင်ခဲ့သူ ဖြစ်ပါတယ်။

Gary ဟာ သူ့ရဲ့ IG မှာ ဇနီး၊ သားဖြစ်သူတို့နဲ့အတူ မိသားစုဓာတ်ပုံကို ဝေမျှခဲ့ပြီး နှစ်သစ်ဆုတောင်း တောင်းပေးခဲ့တာ ဖြစ်ပါတယ်။ Gary က “၂၀၂၁ မှာ ကျွန်တော်တို့ မိသားစုနဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်း ပုံမှန်ဘဝကို ပိုင်ဆိုင်ပြီး ပျော်ရွှင်မှုတွေ အလျင်အမြန် ရပါစေလို့ ကျွန်တော် ဆုတောင်းနေပါတယ်။ ၂၀၂၀ နောက်ဆုံးနေ့ကို အချစ်ဆုံးတွေနဲ့အတူ ဖြတ်သန်းနေပါတယ်။ Happy New Year”ဆိုပြီး ရေးတင်ခဲ့တာပါ။

ပရိသတ်တွေက ဇနီးဖြစ်သူကို ထုတ်ပြခဲ့တဲ့ Gary ရဲ့ IG ပို့စ်ကြောင့် အံ့အားသင့်ခဲ့ပေမဲ့ သူတို့အတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ်။ Gary ဟာ လက်ရှိမှာ သားဖြစ်သူနဲ့အတူ Superman is Back မှာ ပါဝင်နေသလို၊ Laws of the Jungle အစီအစဉ်မှာလည်း ပါဝင်နေကြောင်း သိရပါတယ်။

— ဃဲ
Ref: AKP

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page