Celebrity

■ (Breaking) Hyun Bin နဲ့ Son Ye Jin တို့ ဒိတ်ပြီလို့ အတည်ပြု

—- ဇာတ်ကားထဲမှာရော အပြင်မှာပါ Chemistry ဖြစ်လွန်းလို့ ပရိသတ်တွေ သဘောတူကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့ ဒီတစ်ခါတော့ တကယ်ဒိတ်ပြီဆိုပြီး Dispatch က Happy New Year မှာ သတင်းထုတ်ပြန်ခဲ့ပြီးနောက်မှာ…

2018 ခုနှစ် ‘Negotiation’ ဇာတ်ကားရိုက်ပြီးတော့ Hyun Bin နဲ့ Son Ye Jin တို့ ဒိတ်နေတယ်လို့ ပထမဆုံးအကြိမ် သတင်းထွက်ခဲ့ပေမယ့် နှစ်ဦးစလုံးငြင်းခဲ့ကြပါတယ်။ 2019 ခုနှစ် ဇန်နဝါရီမှာ အမေရိကန်နိုင်ငံမှာ LA မှာ အတူတွေ့ခဲ့လို့ သတင်းတွေပြန်ထွက်လာခဲ့ပေမယ့် သူငယ်ချင်းဆက်ဆံ ရေးသာရှိပြီး အခန့်မသင့်ဘဲ တွေ့ခဲ့တာလို့ ဖြေရှင်းခဲ့ကြပါတယ်။

2020 ခုနှစ်မှာ ‘Crash Landing On You’ ဒရာမာနဲ့ နှစ်ဦးသား Chemistry ဖြစ်လွန်းလို့ ပရိသတ်တွေ က အပြင်မှာပါ တကယ်ဒိတ်ပါစေဆိုပြီး ဖြစ်ချင်ခဲ့ကြတာပါ။ 2021 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့မှာတော့ Dispatch က Hyun Bin နဲ့ Son Ye Jin တို့ဟာ ဒိတ်နေတာ (၈)လခန့်ရှိပါပြီဆိုပြီး ဓါတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

Dispatch က ဓါတ်ပုံတွေနဲ့ Hyun Bin နဲ့ Son Ye Jin တို့ဟာ ဂေါ့ဖ်အတူတူသွားကစားခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဓါတ်ပုံတွေထဲမှာ Son Ye Jin ကို ဂေါ့ဖ်ရိုက်မယ့်ပစ္စည်းတွေနဲ့ ကားထဲဝင်မယ့်ပုံရိပ် ကိုတွေ့မြင်ရတာပါ။ ကားမောင်းတဲ့သူက Hyun Bin ဖြစ်နိုင်တယ်လို့ Dispatch က ဖော်ပြခဲ့ပါတယ်။

Dispatch က ဖော်ပြပြီးနောက်မှာ သူတို့ရဲ့ RS ကို အေဂျင်စီတွေက အတည်ပြုခဲ့ပါတယ်။

“ ဟဲလို… VAST Entertainment ပါ။ Hyun Bin ရဲ့ သတင်းနဲ့ပတ်သက်ပြီး အတည်ပြုကြညာတာ ဖြစ်ပါတယ်။ Hyun Bin နဲ့ Son Ye Jin တို့ အလုပ်အတူတူလုပ်ပြီး သံယောဇဉ်တွေတွယ်ပြီး ချစ်ခင်မှု တွေဖြစ်လာတာဖြစ်ပါတယ်။ ကျေးဇူးပြုပြီး သူတို့ကို နွေးထွေးစွာ အားပေးကြဖို့ မျှော်လင့်ပါတယ်”

– VAST Entertainment

“ Son Ye Jin နဲ့ Hyun Bin တို့ရဲ့ သတင်းတွေကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်ဦးစလုံးဟာ သူငယ်ချင်း အနေနဲ့ အလုပ်လုပ်အတူတူလုပ်ရင်း ဒရာမာပြီးဆုံးတဲ့အချိန်မှာ ခံစားချက်တွေပြောင်းလဲခဲ့ပြီး RS ဖြစ်ခဲ့ တာဖြစ်ပါတယ်။ ကျေးဇူးပြုပြီး နှစ်ဦးသား တွေ့မြင်နိုင်အောင် ပရိသတ်တွေ နွေးထွေးစွာအားပေးဖို့ မျှော်လင့်ပါတယ်”

-MSteam Entertainment

-m2t
Ref: Koreaboo

-m2t
Ref: Allkpop

You cannot copy content of this page