K pop

■ ‘The Japan Record Awards’ မှာ ပထမဆုံး ‘Special International Music’ ဆုကို ရခဲ့တဲ့ BTS

—- ဒီဇင်ဘာလ 30 ရက်နေ့က BTS အဖွဲ့ဟာ 62 ကြိမ်မြောက် ‘The Japan Record Awards’ ကို Virtually အနေနဲ့ တက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် ‘Special International Music’ ဆုကို ရရှိခဲ့ တယ်လို့ သိရပါတယ်။

COVID19 တွေကြောင့် BTS အဖွဲ့ဟာ ဆုပေးပွဲကို ကိုယ်တိုင်ကိုယ်ကျမတက်ရောက်နိုင်ခဲ့ပေမယ့် ဂျပန်ပရိသတ်တွေနဲ့ နားထောင်သူတွေကို မှတ်တမ်းတင်ထားတဲ့ မက်ဆေ့ချ်တွေပို့ပေးခဲ့ပါတယ်။ ‘The Japan Record Awards’ ဟာ 2020 ခုနှစ်မှာမှ ‘Special International Music’ ပထမဆုံးအကြိမ် ပေးအပ်တာဖြစ်ပြီး BTS က ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ နိုင်ငံခြားအနုပညာရှင်တွေလည်းဖြစ်ခဲ့ပါတယ်။

နောက်ပြီး BTS အဖွဲ့ဟာ စပါယ်ရှယ်မှတ်တမ်းတင်ရိုက်ကူးထားတဲ့ “Dynamite” နဲ့ “Life Goes On” သီချင်းဖျော်ဖြေမှုတွေကိုလည်း ဆုပေးပွဲမှာ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြသခဲ့ပါတယ်။ 2020 ခုနှစ်ထဲမှာ ဆုတွေအားလုံးနီးပါး သိမ်းကြုံးရယူခဲ့တဲ့ BTS အတွက် ‘Special International Music’ ဆုဟာ ပထ မဆုံးဆု၊ ပထမဆုံးအနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page