K pop

■ Irene ပြဿနာကိုဖော်ထုတ်ခဲ့လို့ တိုက်ခိုက်ခံနေရတဲ့ Stylist က အကြောင်းစုံဖွင့်ချမယ်လို့ ပြန်ခြိမ်းခြောက်

—- Irene ရဲ့ ဝန်ထမ်းတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်တဲ့ ပြဿနာကို ဖော်ထုတ်ခဲ့တဲ့ Stylist & Editor ဟာ ပရိသတ်အချို့ရဲ့ တိုက်ခိုက်မှုကို ခံနေရပြီး အခုအခါ တိုက်ခိုက်မှုပိုမိုဆိုးရွားလာပါက အကြောင်းစုံဖွင့်ချမယ်ဆိုပြီး ပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။

အဆိုပါ Stylist ဟာ Irene ရဲ့ ပြဿနာကို ဖော်ထုတ်ခဲ့တာကြောင့် Irene ပရိသတ်အချို့ရဲ့ လူမှုကွန် ရက်မှာ တိုက်ခိုက်မှုတွေခံနေရတာဖြစ်ပါတယ်။ မကြာသေးခင်က သူမဟာ တိုက်ခိုက်မှုတွေ ပိုမိုဆိုး ရွားလာတာကြောင့် Instagram အကောင့်မှာ စာရေးသားကာ ထပ်ပြီး သူမကို မတိုက်ခိုက်ကြဖို့နဲ့ ရာဇဝတ်မှုမြောက်ကာ အငြိမ်ခံနေတော့မှာ မဟုတ်ဘူးလို့ ပြန်လည်း ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

Stylist က “ ကျေးဇူးပြုပြီး ကျွန်မအပေါ် နှောက်ယှက်နေတာတွေ ရပ်ပေးပါ။ ကျွန်မကို မခြိမ်းခြောက် ပါနဲ့။ ဒါ ရာဇဝတ်မှုပြောက်သလို ဆုံးရှုံးနစ်နာမှုတွေလည်း ရှိပါတယ်။ သူမ(Irene)ကလည်း ဒါမျိုး ဖြစ် ချင်မှာမဟုတ်ပါဘူး။

သူမရဲ့ အကျိုးအတွက် ကျွန်မ တိတ်ဆိတ်နေတာပါ။ ဒါ နောက်ဆုံးတောင်းဆိုမှုဖြစ်ပါတယ်။ Please…Please…” ဆိုပြီး စာရေးသားခဲ့တာဖြစ်ပါတယ်။

Stylist ဟာ Irene ရဲ့ အကျိုးအတွက်လို့ဆိုပြီး ဖော်ပြခဲ့တာကြောင့် သူမဟာ Irene ရဲ့ ပြဿနာနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ Recording သက်သေတွေရှိပုံရပြီး မဖော်ပြတာဖြစ်နိုင်တယ်လို့ မီဒီယာ တွေက သုံးသပ်ခဲ့ကြပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page