K pop

■ ARMY တွေကို Rap ဆိုပြီး အံ့အားသင့်စေခဲ့တဲ့ Jungkook

— 2021 ကို Rapper ကြီး Jungkook က Rap ဆိုပြီး အံ့အားသင့်စေခဲ့…

Big Hit Label က ပထမဆုံးကျင်းပတဲ့ 2021 New Year’s Eve Live (NYEL) မှာ BTS အပါအဝင် Special Guest တွေနဲ့ Label Mate Group တွေဟာ အမိုက်စား ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်သွားခဲ့ပါတယ်။

အဲဒီမှာ BTS အဖွဲ့ဟာ “Best of Me” သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ Debut အစောပိုင်း ကာလတွေမှာတုန်းက Jungkook ဟာ “No More Dream” လိုမျိုး သီချင်းတွေမှာ Rap အပိုဒ်ဆိုခဲ့ဖူး ပါတယယ်။ နှောင်းပိုင်းကာလတွေမှာတော့ Jungkook ကို Rap ရွတ်မှုကို မတွေ့ခဲ့ရပါဘူး။

ဒါပေမဲ့ 2021 New Year’s Eve Live (NYEL) မှာ “Best of Me” သီချင်းကို ဖျော်ဖြေတဲ့အခါ Jungkook ဟာ Suga ရဲ့ Rap စာသားတွေကို သီဆိုပြီးဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ Jungkook ရဲ့ ပိုင်နိုင်စွာ Rap ရွတ်နိုင်မှုကို ARMY တွေက အလွန်သဘောကျကာ Rapper ကြီး Jungkook ဆိုပြီး Twitter မှာ ပို့စ်တွေ၊ ဗီဒီယိုတွေတင်ကာ ချစ်နေခဲ့ကြပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page