K pop

■ 2021 မှာ အမျိုးသားအဖွဲ့သစ်တစ်ဖွဲ့ စင်တင်ဖို့ရှိနေတဲ့ Big Hit

— Big Hit အေဂျင်စီဟာ “I-LAND” က အောင်ဖျာလိပ်ပြန်ရခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေကို 2021 မှာ “Big Hit Global Project” အနေနဲ့ အမျိုးသားအဖွဲ့သစ်တစ်ဖွဲ့ Debut လုပ်ဖို့ ပြင်ဆင်နေပါတယ်။

မကြာသေးခင်က Big Hit Japan ဟာ “I-LAND” ပရိသတ်တွေအတွက် စိတ်ဝင်စားစရာသတင်း ကောင်းကို ထုတ်ပြခဲ့ပါတယ်။ Big Hit Japan ရဲ့ ထုတ်ပြန်ချက်အရ “Big Hit Global Project” အနေနဲ့ Artist တွေကို ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါ Artist တွေဟာ တစ်ကမ္ဘာလုံးကို မထိုးဖောက်ခင် ဂျပန် Stage ပေါ်ကနေ ပထမဆုံး ခြေလှမ်းစမှာဖြစ်ပါတယ်။

Big Hit က YouTube မှာ ထုတ်ပြန်ထားတဲ့ ဗီဒီယိုထဲမှာ “I-LAND” ပြိုင်ပွဲမှာ ကျရှုံးပြီး အောင်ဖျာလိပ် ပြန်ခဲ့ရတဲ့ ပြိုင်ပွဲဝင် 5 ဦးဖြစ်တဲ့ Taki ၊ Nicholas ၊ EJ ၊ K ၊ Kyungmin တို့ကို မိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။

“Big Hit Global Project” ဖြစ်တာကြောင့် အေဂျင်စီဟာ ဒီပြိုင်ပွဲဝင် (5)ဦးတည်းနဲ့ Debut လုပ်မှာမ ဟုတ်ဘဲ Audition တွေပြုလုပ်ကာ အဖွဲ့ဝင်ထပ်မံထည့်သွင်းဖို့ရှိနေပါတယ်။ အဆိုပါအစီအစဉ်နဲ့ပတ် သက်ပြီး Big Hit က တရားဝင်ထုတ်ပြန်ထားမှုမရှိပေမယ့် 2021 ခုနှစ်မှာတော့ သေချာပေါက် အမျိုး သားအဖွဲ့သစ်တစ်ဖွဲ့ စင်တင်ဖို့ရှိနေတယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page