K pop
■ ကမ္ဘာပတ်သူတွေအဖြစ် တင်စားခံထားရတဲ့ K-pop Idol များ
-UNICODE
– – -သူတို့တွေဟာ Idol အဖြစ်ပွဲမထွက်ခင် တခြားနိုင်ငံတွေမှာ ကျင်လည်ခဲ့ဖူးပြီး….
K-pop Idol တော်တော်များများဟာ World Tour တွေအတွက် ကမ္ဘာအနှံ့အများအပြားကို သွားရောက်ဖျော်ဖြေရတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Idol အဖြစ် ပွဲမထွက်ခင်ကတည်းက တခြားနိုင်ငံတွေမှာ ကျင်လည်ဖူးတဲ့ အတွေ့အကြုံရှိတဲ့၊ တစ်နည်းအားဖြင့် ကမ္ဘာပတ်ခဲ့ကြသူတွေအဖြစ် တင်စားခံထားရတဲ့ K-pop Idol တွေကို ဖော်ပြပေးချင်ပါတယ်။
Yugyeom (GOT7)
Yugyeom က သူ့ငယ်ဘဝအချိန်တော်တော်များများကို ကိုရီးယားပြင်ပမှာ ဖြတ်သန်းခဲ့ရတာပါ။ Yugyeom ရဲ့ ကိုယ်ဝန်ကို လွယ်ထားစဉ်ကတည်းက သူတို့မိဘတွေဟာ အလုပ်အကိုင်ကြောင့် ဆော်ဒီမှာ ခြေချခဲ့ရဖူးပါတယ်။
Rosé (BLACKPINK)
BLACKPINK အဖွဲ့ဝင် Rose’ ကတော့အားလုံးသိတဲ့အတိုင်း သြစတြေးလျနိုင်ငံမှာ ကြီးပျင်းခဲ့ရသူပါ။ ဒါပေမဲ့သူမဟာ နယူးဇီလန်မှာ မွေးဖွားခဲ့ပြီး အဲဒီမှာလည်း ကျင်လည်ခဲ့ဖူးပါတယ်။
CL
CL ကို တောင်ကိုရီးယားမှာပဲ မွေးဖွားခဲ့ပေမဲ့ သူမဘဝရဲ့ အစောပိုင်းအချိန်တွေကို ဂျပန်၊ ပြင်သစ်တို့မှာလည်း ဖြတ်သန်းခဲ့ရဖူးပါတယ်။
Sunny (Girls’ Generation)
Sunny ကလည်း ကူဝိတ်နိုင်ငံမှာ ဖြတ်သန်းခဲ့ဖူးပါတယ်။ Gulf War စစ်ပွဲကြားမှာ ရှင်သန်ခဲ့ရတဲ့ သူမက အသံကျယ်ကျယ်ကြားရင် ကြောက်တတ်တဲ့စိတ်လည်း စွဲကပ်ခဲ့ပါတယ်။
Dara
2NE1 အဖွဲ့ဝင် Dara ကလည်း ဖီလစ်ပိုင်မှာ နှစ်တော်တော်ကြာ နေထိုင်ခဲ့တာပါ။ သူမဟာ ဖီလစ်ပိုင်နိုင်ငံမှာလည်း အနုပညာရှင်အဖြစ် ပွဲထွက်ခဲ့ပြီး အားလုံးရဲ့ အချစ်ကို ရယူနိုင်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ ကမ္ဘာပတ်ခဲ့ကြသူတွေအဖြစ် တင်စားခံထားရတဲ့ K-pop Idol များ
Yugyeom (GOT7)
Rosé (BLACKPINK)
CL
Dara
Ref: Koreaboo
You cannot copy content of this page