K pop
■ 2021 New Year’s Eve Live မှာ Jungkook ရဲ့ ချစ်စရာကောင်းတဲ့ အမှားတစ်ခု
-UNICODE
– – – Jungkook ဟာ အမှားတစ်ခု ပြုလုပ်ခဲ့ပေမဲ့ ဒါက အလွန်ချစ်စရာကောင်းတာ တွေ့မှာပါ။
2021 New Year’s Eve Live (NYEL) ဟာ BTS နဲ့ ARMY တွေအတွက်တော့ တကယ့်ကို မမေ့နိုင်စရာ ဖြစ်ခဲ့ရပါတယ်။
အဲဒီပွဲမှာ BTS ရဲ့ Meet & Greet အစီအစဉ်ကလည်း အလွန်ကြည်နူးစရာကောင်းခဲ့တာ ဖြစ်ပါတယ်။ BTS အဖွဲ့ဝင်တွေဟာ သစ်ပင်မှာ ချိတ်ဆွဲထားတဲ့ အဆင်တန်ဆာထဲက မေးခွန်းတွေကို ရွေးချယ်ပြီး ဖြေကြားရတာ ဖြစ်ပါတယ်။
Jungkook အလှည့်အရောက်မှာတော့ နည်းနည်းပွဲကျချင်စရာ ဖြစ်ခဲ့ရပါတယ်။ Jungkook ဟာ သစ်ပင်မှာ ချိတ်ဆွဲထားတဲ့ အဆင်တန်ဆာကို သေချာကြည့်ပြီး ခရမ်းရောင်စာရွက်လေးကို ရွေးချယ်ခဲ့ပါတယ်။
အထဲက စာရွက်ကိုပဲ ယူရမှာဖြစ်ပေမဲ့ Jungkook ကတော့ အဲဒီတစ်ခုလုံးကို ယူလာခဲ့ပြီး သူ့ကိုယ်သူလည်း ကျေနပ်ပီတိဖြစ်နေခဲ့တာပါ။ အစီအစဉ်တင်ဆက်သူက ပြောတော့မှ Jungkook ဟာ အဆင်တန်ဆာကို သစ်ပင်မှာ ပြန်ပြီးသွားချိတ်ခဲ့ရပါတယ်။
Jungkook ရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျန် BTS အဖွဲ့ဝင်တွေကလည်း ပွဲကျခဲ့ရပြီး Jungkook ရဲ့ အမှားလေးက ချစ်စရာကောင်းလွန်းလှပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page