K pop
■ KBS Drama Awards မှာ ကျေးဇူးတင်စကားပြောတာ ရှည်လွန်းလို့ ဝေဖန်ခံနေရတဲ့ Nana
-UNICODE
– – -သူမရဲ့ ကျေးဇူးတင်စကားကို ပရိသတ်တွေက စိတ်မရှည်ဖြစ်နေကြပြီး……
2020 KBS Drama Awards ပွဲကို နာမည်ကျော်တော်တော်များများ တက်ရောက်ခဲ့ကြပြီး Nana က Memorials ရဲ့ သရုပ်ဆောင်အနေနဲ့ တက်ရောက်ခဲ့တာပါ။
သူမရဲ့ အနက်ရောင် V Neckline ပွဲတက်ဝတ်စုံက အတော်လေး Reveal ဖြစ်ခဲ့သလို၊ စကတ်ကိုခွဲကာ သူမရဲ့ ခြေတံအလှကို ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ ဖက်ရှင်ပိုင်းနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။
ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ Nana ဟာ ဆုလက်ခံရယူစဉ်မှာ ပြောကြားခဲ့တဲ့ ကျေးဇူးတင်စကားကြောင့် ပရိသတ်တချို့ရဲ့ ဝေဖန်မှုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ Nana ဟာ လက်ခံရယူအပြီးမှာ အနုပညာသက်တမ်း တစ်လျှောက် သူမကို အားပေးကူညီပေးခဲ့တဲ့သူတွေကို (၅) မိနစ်စာ ကျေးဇူးတင်စကားပြောကြားခဲ့တာပါ။
အဲဒီလို ရိုးရှင်းလွန်းတဲ့ ကျေးဇူးတင်စကားကို ခပ်ရှည်ရှည် ပြောကြားခဲ့တဲ့ Nana ရဲ့ လုပ်ရပ်ကို ပရိသတ်တွေက စိတ်မရှည် ဖြစ်ခဲ့ကြပြီး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
“ဒါက အရမ်းရှည်လွန်းတယ်။ သူက စကားပြော အရမ်းနှေးတာပဲ။ ငါဆို Chanel တောင် ပြောင်းလိုက်ရတယ်” “သူမအနေနဲ့ စကားကိုခပ်တိုတိုပြောသင့်တယ်။ ဒီလို ရိုးရှင်းတဲ့ ကျေးဇူးတင်စကားကို ဘယ်သူ့မှ ကြာကြာ နားမထောင်ချင်ကြပါဘူး” စသဖြင့် ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page