K pop
■ ၂၀၂၁ ခုနှစ်မှာ အရွယ်ရောက်တော့မှာဖြစ်တဲ့ K-pop အဖွဲ့တွေက Maknae (၁၀) ဦး
-UNICODE
– – – သူတို့ဟာ ဒီနှစ်အတွင်းမှာ အရွယ်ရောက်လာတော့မှာဖြစ်ပြီး……
နောက်ပိုင်း K-pop နယ်ပယ်မှာ Idol တော်တော်များများဟာ အသက်အရွယ်ငယ်ငယ်နဲ့ ပွဲထွက်နိုင်ခဲ့ကြတာ များပါတယ်။
အသက်အရွယ်အရ ငယ်ရွယ်လွန်းပေမဲ့လည်း သူတို့ဟာ Visual ဖြစ်လွန်းပြီး အရည်အချင်းအရလည်း ထူးချွန်လွန်းကြတာ တွေ့ရမှာပါ။ တဖြည်းဖြည်း မျက်စီရှေ့မှာတင် အရွယ်ရောက်လာကြတဲ့ သူတို့လေးတွေထဲက တချို့ကတော့
၂၀၂၁ ခုနှစ်မှာ ကိုရီးယားအသက်အရ အရွယ်ရောက်ပြီလို့ သတ်မှတ်တဲ့ အသက် ၂၀ ပြည့်မြောက်တော့မှာပါ။
ဒါကြောင့် ၂၀၂၁ ခုနှစ်မှာ အရွယ်ရောက်တော့မှာဖြစ်တဲ့ K-pop အဖွဲ့တွေက Maknae တွေကို ဖော်ပြပေးလိုက်ရပါတယ်။
Jisung NCT
NCT အဖွဲ့ဝင် Jisung ဟာ အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး ချစ်စရာကောင်းတဲ့အကြည့်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်သူပါ။ သူဟာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကိုရီးယားအသက် ၂၀ ပြည့်မြောက်မှာပါ။
Huening Kai TXT
TXT အဖွဲ့ရဲ့ Visual Kai ကလည်း သြဂုတ် (၁၄) ရက်နေ့မှာ အရွယ်ရောက်တော့မှာပါ။
Yeojin LOONA
Yeojin ဟာ LOONA ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး နိုဝင်ဘာ (၁၁) ရက်နေ့မှာ ကိုရီးယားအသက် ၂၀၊ နိုင်ငံတာအသက် ၁၉ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။
Ningning AESPA
မကြာခင်ကမှ ပွဲထွက်ခဲ့တဲ့ aespa အဖွဲ့ဝင် Ningning ကလည်း ဒီနှစ်အတွင်းမှာ ကိုရီးယားစံနှုန်းတွေအရ အရွယ်ရောက်တော့မှာပါ။
Lucy Weki Meki
Weki Meki ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Lucy ကလည်း သြဂုတ်လ (၃၁) ရက်နေ့မှာ ကိုရီးယားအသက် (၂၀) ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Lena GWSN, Woonggi TOO, Semi CIGNATURE, Dylan D-CRUNCH, Sunshine NATURE တို့ကလည်း ၂၀၂၁ ခုနှစ်အတွင်း အရွယ်ရောက်တော့မှာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Jisung NCT
Huening Kai TXT
Yeojin LOONA
Ningning AESPA
Lucy Weki Meki
Ref: Koreaboo
You cannot copy content of this page