Articles

■ ကြည့်ရှုသူ စံချိန်တင်သွားတဲ့ SM ရဲ့ Free Online Concert

—- SM Entertainment ရဲ့ ထူးထူးခြားခြား Free Online Concert ဖြစ်တဲ့ SMTOWN LIVE “Culture Humanity” ဟာ ကြည်ရှုမှုနှုန်း စံချိန်တင်ခဲ့….

ဇန်နဝါရီလ 1 ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖြစ်တဲ့ SMTOWN LIVE “Culture Humanity” မှာ ကမ္ဘာအနှံ့ က ကြည့်ရှုသူ 35.83 သန်းနဲ့ ကြည့်ရှုသူအများဆုံး Online Concert အဖြစ် စံချိန်တင်ခဲ့ပါတယ်။

“SMTOWN LIVE “Culture Humanity” မှာ aespa, Red Velvet, NCT Dream, NCT 127, NCT U, WayV, EXO’s Baekhyun, EXO’s Kai, SHINee’s Taemin, Girls’ Generation’s Taeyeon, SuperM, Super Junior, TVXQ နဲ့ H.O.T.’s Kangta စတဲ့ အနုပညာရှင်တွေ ဖျော်ဖြေခဲ့ပါတယ်။

“SMTOWN LIVE “Culture Humanity” Concert ကို ကမ္ဘာအနှံ့ နိုင်ငံ 186 နိုင်ငံက ကြည့်ရှုသူ 35.83သန်းရှိခဲ့ပြီး ကိုရီးယားအွန်လိုင်း Concert တွေထဲမှာ ကြည့်ရှုသူအများဆုံး Concert အဖြစ် စံချိန်သစ်တင်ခဲ့တာပါ။

Free Online Concert နဲ့ ပတ်သက်ပြီး SM Entertainment co-CEOs Lee Sung Soo and Tak Young Joon က “ K-pop ဟာ Music တစ်ခုတည်းတင်မဟုတ်တော့ဘဲ လူတွေရဲ့ ဘဝနဲ့ စိတ်ခံ စားချက်တွေကို မျှဝေဆက်ဆံတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်လာခဲ့ပါပြီ။ COVID19 Pandemic တွေနဲ့ ခက်ခဲတဲ့နှစ်ကို ပိုင်ဆိုင်ခဲ့ကြတာကြောင့် 2020 ခုနှစ်ကို နှုတ်ဆက်ချင်ပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးကို K-pop ပရိသတ်တွေကို အားပေးချင်ပြီး ဒီ Free Online Concert ကို ကျင်းပတာ ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်နဲ့ မျှော်လင့်ချက်တွေကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page