K pop

■ 2020 ခုနှစ်မှာ Album ရောင်းအားအများဆုံးအမျိုးသမီးအဖွဲ့နဲ့ ရောင်းအားအနည်းဆုံး အဖွဲ့

—- Hanteo Chart ဟာ 2020 ခုနှစ်အတွင်း K-pop အမျိုးသမီးအဖွဲ့တွေရဲ့ Album ရောင်းအား စာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

Hanteo Chart မှာ 2020 ခုနှစ်အတွင်း Album ရောင်းအားအများဆုံး K-pop အမျိုးသမီးအဖွဲ့က တော့ BLACKPINK က ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး Full Album ဖြစ်တဲ့ ‘The Album’ နဲ့ ရောင်းအား 758,534 ရရှိခဲ့တာဖြစ်ပါတယ်။

BLACKPINK ရဲ့နောက်မှာတော့ IZ*ONE အဖွဲ့က Album နှစ်ခုနဲ့ နံပါတ် (2)၊ (3)တို့မှာရပ်တည်ခဲ့သ လို TWICE အဖွဲ့က More & More Album နဲ့ နံပါတ် (၄)မှာရပ်တည်ခဲ့ပါတယ်။

Hanteo Chart က ထုတ်ပြန်တဲ့ List ထဲမှာ Album ရောင်းအားအများဆုံး အမျိုးသမီးအဖွဲ့တွေလည်း ရှိသလို ရောင်းအားအနည်းဆုံးအဖွဲ့လည်းရှိပါတယ်။

2020 ခုနှစ် Hanteo Chart မှာ ရောင်းအားအနည်းဆုံး အမျိုးသမီးအဖွဲ့ကတော့ ပထမဆုံး လူမည်းအမျိုးသမီး K-pop Idol ပါဝင်တဲ့ Blackswan အဖွဲ့ဖြစ်ပြီး စုစုပေါင်း Album 74 ခုသာရောင်း ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page