K pop

■ Jin က သူ့အကစွမ်းရည်ကို မကောင်းဘူးပြောခဲ့ပေမဲ့….

-UNICODE

– – – Jin ဟာ သူ့အကစွမ်းရည်နဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်ကာ…

BTS အဖွဲ့ဝင် ဟာ Jin အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်တာနဲ့အညီ သူ့ရဲ့ညီငယ်လေးတွေကို အမြဲလိုလို ဂရုစိုက်တတ်သူပါ။

Jin ဟာ နွေးထွေးတဲ့နှလုံးသားပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ဒါကို Variety Show တွေ၊ Reality Show တွေမှာ ပရိသတ်တွေ အမြဲလိုလို မြင်တွေ့နိုင်ပါတယ်။ Jin ဟာ Big Hit ကို ရောက်မလာခင်တုန်းက မင်းသားဖြစ်လို့ အိပ်မက်မက်ခဲ့တာ ဖြစ်ပါတယ်။

Idol တစ်ယောက်နဲ့ သက်ဆိုင်တဲ့ အဆို၊ အက၊ ရက်တွေကို Jiin ဟာ BTS အဖွဲ့ဝင်ဖြစ်တော့မှ စတင်လေ့လာခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေမှာ Jin ဟာ အစွမ်းကုန်ကြိုးပမ်းခဲ့ပြီး BTS အဖွဲ့ရဲ့ ခက်ခဲလှတဲ့ ကကွက်တွေကိုလည်း အရည်အချင်းရှိရှိ ဖျော်ဖြေနိုင်ခဲ့တာပါ။

ဒါပေမဲ့ အကစွမ်းရည်နဲ့ ပတ်သက်ပြီး Jin ဟာ သူ့ကိုယ်သူ အမြဲလိုလို သံသယဖြစ်နေပါတယ်။ 2021 New Year’s Eve Live ပွဲမှာလည်း Jin ဟာ သူ့အကစွမ်းရည်နဲ့ ပတ်သက်ပြီး အားမရကြောင်း ဖွင့်ဟခဲ့ပြန်ပါတယ်။ သူဟာ ကတာနဲ့ သိပ်မတူဘဲ ခန္ဓာကိုယ်လှုပ်ရှားတာမျိုးနဲ့ ပိုတူနေကြောင်း Jin က ဖွင့်ဟခဲ့ပါတယ်။

ဒီအခါမှာတော့ V က Jin ဘက်ကနေ ကာကွယ်ထောက်ခံပေးခဲ့ပြီး Jin ပြောတာကို လက်မခံကြောင်း ဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ အကြီးဆုံး Hyung ရဲ့ အကစွမ်းရည်က အံ့မခန်းပဲဗျ။ ဒါကြောင့် သူပြောတာကို ကျွန်တော်တော့ သဘောမတူဘူး”လို့ V က ဆိုခဲ့တာပါ။

ဒါက V အနေနဲ့ Jin ကို ကာကွယ်ပေးခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ MAP OF THE SOUL: 7 အတွက် အင်တာဗျူးမှာလည်း Jin က သူ့အနေနဲ့ တခြားအဖွဲ့ဝင်တွေလို ကကွက်တွေကို လျင်လျင်မြန်မြန် သင်ယူနိုင်စွမ်း မရှိဘူးလို့ ဖွင့်ဟခဲ့ရာမှာ V က လက်ကိုကုတ်ပြီး အဲဒီလိုမပြောဖို့ ဆိုခဲ့ပါသေးတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ Jin က သူ႔အကစြမ္းရည္ကို မေကာင္းဘူးေျပာခဲ့ေပမဲ့….

– – – Jin ဟာ သူ႔အကစြမ္းရည္နဲ႔ ပတ္သက္ၿပီး အားမလိုအားမရျဖစ္ကာ…

BTS အဖြဲ႕ဝင္ ဟာ Jin အဖြဲ႕ထဲမွာ အသက္အႀကီးဆုံးျဖစ္တာနဲ႔အညီ သူ႔ရဲ႕ညီငယ္ေလးေတြကို အၿမဲလိုလို ဂ႐ုစိုက္တတ္သူပါ။

Jin ဟာ ေႏြးေထြးတဲ့ႏွလုံးသားပိုင္ရွင္တစ္ေယာက္ျဖစ္ၿပီး ဒါကို Variety Show ေတြ၊ Reality Show ေတြမွာ ပရိသတ္ေတြ အၿမဲလိုလို ျမင္ေတြ႕ႏိုင္ပါတယ္။ Jin ဟာ Big Hit ကို ေရာက္မလာခင္တုန္းက မင္းသားျဖစ္လို႔ အိပ္မက္မက္ခဲ့တာ ျဖစ္ပါတယ္။

Idol တစ္ေယာက္နဲ႔ သက္ဆိုင္တဲ့ အဆို၊ အက၊ ရက္ေတြကို Jiin ဟာ BTS အဖြဲ႕ဝင္ျဖစ္ေတာ့မွ စတင္ေလ့လာခဲ့ရပါတယ္။ ဒါေပမဲ့ ဒီႏွစ္ေတြမွာ Jin ဟာ အစြမ္းကုန္ႀကိဳးပမ္းခဲ့ၿပီး BTS အဖြဲ႕ရဲ႕ ခက္ခဲလွတဲ့ ကကြက္ေတြကိုလည္း အရည္အခ်င္းရွိရွိ ေဖ်ာ္ေျဖႏိုင္ခဲ့တာပါ။

ဒါေပမဲ့ အကစြမ္းရည္နဲ႔ ပတ္သက္ၿပီး Jin ဟာ သူ႔ကိုယ္သူ အၿမဲလိုလို သံသယျဖစ္ေနပါတယ္။ 2021 New Year’s Eve Live ပြဲမွာလည္း Jin ဟာ သူ႔အကစြမ္းရည္နဲ႔ ပတ္သက္ၿပီး အားမရေၾကာင္း ဖြင့္ဟခဲ့ျပန္ပါတယ္။ သူဟာ ကတာနဲ႔ သိပ္မတူဘဲ ခႏၶာကိုယ္လႈပ္ရွားတာမ်ိဳးနဲ႔ ပိုတူေနေၾကာင္း Jin က ဖြင့္ဟခဲ့ပါတယ္။

ဒီအခါမွာေတာ့ V က Jin ဘက္ကေန ကာကြယ္ေထာက္ခံေပးခဲ့ၿပီး Jin ေျပာတာကို လက္မခံေၾကာင္း ဆိုခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔ရဲ႕ အႀကီးဆုံး Hyung ရဲ႕ အကစြမ္းရည္က အံ့မခန္းပဲဗ်။ ဒါေၾကာင့္ သူေျပာတာကို ကြၽန္ေတာ္ေတာ့ သေဘာမတူဘူး”လို႔ V က ဆိုခဲ့တာပါ။

ဒါက V အေနနဲ႔ Jin ကို ကာကြယ္ေပးခဲ့တာ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ MAP OF THE SOUL: 7 အတြက္ အင္တာဗ်ဴးမွာလည္း Jin က သူ႔အေနနဲ႔ တျခားအဖြဲ႕ဝင္ေတြလို ကကြက္ေတြကို လ်င္လ်င္ျမန္ျမန္ သင္ယူႏိုင္စြမ္း မရွိဘူးလို႔ ဖြင့္ဟခဲ့ရာမွာ V က လက္ကိုကုတ္ၿပီး အဲဒီလိုမေျပာဖို႔ ဆိုခဲ့ပါေသးတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page