K pop
■ Hyun Bin နဲ့ Son Ye Jin တို့ လိုက်ဖက်တဲ့စုံတွဲဆိုတာ သက်သေပြထားတဲ့ အချက် (၅) ချက်
-UNICODE
– – -Hyun Bin နဲ့ Son Ye Jin တို့ ဘာကြောင့် လိုက်ဖက်သလဲဆိုတာ….
Hyun Bin နဲ့ Son Ye Jin တို့ တွဲနေပြီဆိုတာ ဇန်နဝါရီ (၁) ရက်နေ့မှာပဲ Disptach က ထုတ်ပြန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပရိသတ်တွေ သဘောတူထားကြတဲ့ လိုက်ဖက်ပြီးသား စုံတွဲဆိုရင်လည်း မမှားပါဘူး။
လက်တွေ့ဘဝမှာလည်း သူငယ်ချင်း
Hyun Bin နဲ့ Son Ye Jin တို့ဟာ ပြင်ပဘဝမှာလည်း နီးနီးကပ်ကပ် ရှိကြတဲ့ သူငယ်ချင်းတွေပါ။ ပရိသတ်တွေကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Crash Landing on You ဟာ သူတို့နှစ်ယောက် ပထမဆုံး ဆုံဖူးတာ မဟုတ်ဘဲ အဲဒီမတိုင်ခင် ၂၀၁၈ ခုနှစ်မှာလည်း The Negotiation ဇာတ်ကားကို တွဲရိုက်ခဲ့ကြပါသေးတယ်။ အဲဒီနောက်ပိုင်းကတည်းက သူတို့ဟာ ရင်းနှီးသွားခဲ့ကြပြီး Dating သတင်းတွေလည်း ခဏခဏ ထွက်ခဲ့တာပါ။
လိုက်ဖက်မှု
ံHyun Bin နဲ့ Son Ye Jin တို့ရဲ့ လိုက်ဖက်မှုကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ Crash Landing on You ဇာတ်လမ်းတွဲထဲမှာ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုက Chemistry မိလွန်းသလို ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေမှာလည်း သူတို့နှစ်ယောက်ရဲ့မြင်ကွင်းတွေက တကယ့်ကို ကြည်နူးစရာ ကောင်းလှတာ ဖြစ်ပါတယ်။
Visual
Hyun Bin နဲ့ Son Ye Jin တို့ကို လိုက်ဖက်တဲ့ စုံတွဲတွေအဖြစ် အသိအမှတ်ပြုထားကြတာ သူတို့နှစ်ယောက်ရဲ့ Visual ကြောင့်လည်း ပါဝင်ပါတယ်။ နှစ်ယောက်စလုံးက ဆွဲဆောင်မှုရှိပြီး ချောမောလွန်းကာ Visual ချင်းထပ်တော့ မြတ်တယ် ဆိုသလိုပါပဲ။
ပရိသတ်တွေရဲ့ ထောက်ခံမှု
ပရိသတ်တွေဟာ Hyun Bin နဲ့ Son Ye Jin တို့ရဲ့စုံတွဲကို အရင်ကတည်းက သဘောတူထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်တွဲနေပြီလို့ အတည်ပြုခဲ့တဲ့အချိန်မှာ ပရိသတ်များစွာက ဝမ်းသာအားရနဲ့ ဂုဏ်ပြုပေးခဲ့တာကို တွေ့ရမှာပါ။
တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ခြင်း
Hyun Bin နဲ့ Son Ye Jin တို့ဟာ ပွဲတွေမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဂရုစိုက်ပေးတတ်တာ တွေ့ရမှာပါ။ မနေ့က တင်ထားတဲ့ Son Ye Jin ရဲ့ Instagram Post မှာလည်း Hyun Bin ဟာ သူမကို ဂရုစိုက်လွန်းကြောင်း ဖွင့်ဟထားခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
လိုက်ဖက်မှု
Visual
Ref: Koreaboo
You cannot copy content of this page