K pop

■ ပရိသတ်တွေရဲ့ပေးစာကိုဖတ်ပြီး EXO အဖွဲ့ဝင် Kai မျက်ရည်ကျ

-UNICODE

– – -EXO-L ရဲ့ ပေးစာတွေက Kai ရဲ့ နှလုံးသားကို ထိရှစေခဲ့ပြီး…

EXO အဖွဲ့ဝင် Kai တစ်ယောက် တစ်ကိုယ်တော်ပွဲထွက်ဖို့အတွက် ပရိသတ်တွေဟာ နှစ်ကာလတော်တော်ကြာကြာ ကတည်းက စောင့်မျှော်နေခဲ့ကြတာ ဖြစ်ပါတယ်။

Live တစ်ခုမှာ Kai ဟာ ပရိသတ်တွေရဲ့ပေးစာကိုဖတ်ပြီးနောက်မှာ မျက်ရည်မဆည်နိုင်တဲ့အထိ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ပထမဆုံး EXO-L တစ်ယောက်ရဲ့ပေးစာမှာတော့ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ Kai ရဲ့ တစ်ကိုတော်ပွဲထွက်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ ကျောင်းသားဘဝကနေ အရွယ်ရောက်တဲ့အထိ ကြီးပျင်းလာရာမှာ Kai က သူတို့ရဲ့ဘဝကို အလင်းရောင်ပေးခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။

ဒီစာကို ဖတ်နေစဉ်အတွင်းမှာတော့ Kai ဟာ ခေါင်းလေးတညိမ့်ညိမ့်နဲ့ ပြောစကားစရာ မရှိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ဝန်ထမ်းတစ်ဦးက Kai ကို မျက်ရည်သုတ်ဖို့ တစ်ရှူးလာပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။

သူကလည်း EXO အဖွဲ့နဲ့ ပွဲထွက်စဉ်တုန်းက အထက်တန်းကျောင်းသားအရွယ်ဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့ အတူတူကြီးပျင်းလာခဲ့ရတဲ့ ခံစားချက်ဟာ Kai ရဲ့နှလုံးသားကို ထိရှစေခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယစာကလည်း Kai ရဲ့ နှလုံးသားကို ထပ်မံထိရှစေခဲ့ပါတယ်။

“ကျွန်မက အထက်တန်းကျောင်းသားတတိယနှစ်ပါ။ ‘I Live Alone မှာ Kai ကို မြင်ရတာ ကျွန်မဘဝရဲ့ အပျော်ဆုံးအခိုက်အတန့်ပဲ။ အဲဒီ Show ကို ကြည့်ဖို့အတွက ်အရင်ရက်တွေတုန်းက စာကိုခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ”လို့ ရေးသားထားတာပါ။ Kai ရဲ့ သီချင်းကပေးတဲ့ စိတ်ဓာတ်ခွန်အာတွေက စာမေးပွဲအောင်မြင်ဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့လည်း အဲဒီပရိသတ်က ဆိုထားပါတယ်။

ဒီစာကိုဖတ်ပြီးနောက်မှာလည်း Kai ဟာ ထိရှခဲ့ပြီး အဲဒီပရိသတ်အနေဲ့ စာမေးပွဲအောင်မြင်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။ EXO-L ရဲ့ ပေးစာတွေက Kai ကို မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ ပရိသတ္ေတြရဲ႕ေပးစာကိုဖတ္ၿပီး EXO အဖြဲ႕၀င္ Kai မ်က္ရည္က်

– – -EXO-L ရဲ႕ ေပးစာေတြက Kai ရဲ႕ ႏွလုံးသားကို ထိရွေစခဲ့ၿပီး…

EXO အဖြဲ႕ဝင္ Kai တစ္ေယာက္ တစ္ကိုယ္ေတာ္ပြဲထြက္ဖို႔အတြက္ ပရိသတ္ေတြဟာ ႏွစ္ကာလေတာ္ေတာ္ၾကာၾကာ ကတည္းက ေစာင့္ေမွ်ာ္ေနခဲ့ၾကတာ ျဖစ္ပါတယ္။

Live တစ္ခုမွာ Kai ဟာ ပရိသတ္ေတြရဲ႕ေပးစာကိုဖတ္ၿပီးေနာက္မွာ မ်က္ရည္မဆည္ႏိုင္တဲ့အထိ ျဖစ္ခဲ့တာ ေတြ႕ရပါတယ္။ ပထမဆုံး EXO-L တစ္ေယာက္ရဲ႕ေပးစာမွာေတာ့ ကာလရွည္ ေစာင့္ဆိုင္းခဲ့ရတဲ့ Kai ရဲ႕ တစ္ကိုေတာ္ပြဲထြက္အတြက္ စိတ္လႈပ္ရွားမိေၾကာင္း၊ ေက်ာင္းသားဘဝကေန အ႐ြယ္ေရာက္တဲ့အထိ ႀကီးပ်င္းလာရာမွာ Kai က သူတို႔ရဲ႕ဘဝကို အလင္းေရာင္ေပးခဲ့ေၾကာင္း ေရးသားထားခဲ့ပါတယ္။

ဒီစာကို ဖတ္ေနစဥ္အတြင္းမွာေတာ့ Kai ဟာ ေခါင္းေလးတညိမ့္ညိမ့္နဲ႔ ေျပာစကားစရာ မရွိတဲ့အထိ ျဖစ္ခဲ့ရပါတယ္။ အဲဒီေနာက္ ဝန္ထမ္းတစ္ဦးက Kai ကို မ်က္ရည္သုတ္ဖို႔ တစ္ရႉးလာေပးခဲ့ရတဲ့အထိ ျဖစ္ခဲ့တာပါ။

သူကလည္း EXO အဖြဲ႕နဲ႔ ပြဲထြက္စဥ္တုန္းက အထက္တန္းေက်ာင္းသားအ႐ြယ္ျဖစ္တဲ့အတြက္ ပရိသတ္ေတြနဲ႔ အတူတူႀကီးပ်င္းလာခဲ့ရတဲ့ ခံစားခ်က္ဟာ Kai ရဲ႕ႏွလုံးသားကို ထိရွေစခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယစာကလည္း Kai ရဲ႕ ႏွလုံးသားကို ထပ္မံထိရွေစခဲ့ပါတယ္။

“ကြၽန္မက အထက္တန္းေက်ာင္းသားတတိယႏွစ္ပါ။ ‘I Live Alone မွာ Kai ကို ျမင္ရတာ ကြၽန္မဘဝရဲ႕ အေပ်ာ္ဆုံးအခိုက္အတန႔္ပဲ။ အဲဒီ Show ကို ၾကည့္ဖို႔အတြက ္အရင္ရက္ေတြတုန္းက စာကိုခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရတာ”လို႔ ေရးသားထားတာပါ။ Kai ရဲ႕ သီခ်င္းကေပးတဲ့ စိတ္ဓာတ္ခြန္အာေတြက စာေမးပြဲေအာင္ျမင္ဖို႔အတြက္ အေထာက္အကူျဖစ္ေစတယ္လို႔လည္း အဲဒီပရိသတ္က ဆိုထားပါတယ္။

ဒီစာကိုဖတ္ၿပီးေနာက္မွာလည္း Kai ဟာ ထိရွခဲ့ၿပီး အဲဒီပရိသတ္အေနဲ႔ စာေမးပြဲေအာင္ျမင္ဖို႔ ဆုေတာင္းေပးခဲ့ပါတယ္။ EXO-L ရဲ႕ ေပးစာေတြက Kai ကို မ်က္ရည္မဆည္ႏိုင္ျဖစ္ခဲ့ရတယ္လို႔ ဆိုရမွာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page