K pop

■ Jisoo ဆိုတဲ့ ကောင်မလေး

— – – Jisoo က BLACKPINK အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်သလို၊ အပျော်တတ်ဆုံး၊ နောက်ပြောင်တတ်ဆုံးကလည်း သူပါပဲ။

Jisoo ဟာ နာမည်အဆန်းစကားလုံး အဆန်းတွေကို တီထွင်တတ်သူလည်း ဖြစ်တယ်။ ဒါကိုပဲ ကြည့်လေ။ “Mat-unnie (맏언니)” နဲ့ “Maknae (막내)” ကို ပေါင်းပြီး “Mat-nae (맏내)” ဆိုပြီး လုပ်တာမျိုး။ “Mat-nae (맏내)” က အကြီးဆုံးဆိုတာကို ဆိုလိုတာပါ။

Jisoo ဟာ ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်ပေမယ့် BLACKPINK အဖွဲ့ကို ဦးဆောင်နိုင်စွမ်း ရှိသူလည်းဖြစ်ပါတယ်။ (BLACKPINK အဖွဲ့မှာ ခေါင်းဆောင်မရှိပါဘူး။ အချင်းချင်းတိုင်ပင်ပြီး ထိန်းကြတာ ဖြစ်ပါတယ်) Jisoo ရဲ့ ပင်ကိုစိတ်နေစိတ်ထားက ပွင့်လင်းတယ်။ ပျော်တတ်တယ်။

ဒါကြောင့် Jisoo ဟာ လူကြားထဲမှာ မျက်နှာပန်းပွင့်ကာ တောက်ပသူဖြစ်ပြီး အဖွဲ့ဝင်တွေကို စနောက်လေ့ရှိသလို၊ YG ထည်ထောင်သူ Yang Hyun Suk ကိုပါ သီချင်းဆိုပြီး နောက်ရဲတာလည်း Jisoo ပဲ ရှိမယ်ထင်ပါတယ်။

Jisoo ဟာ အထက်တန်းလွှာရုပ်ရည်နဲ့ မင်းသမီးတစ်ယောက်လို ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် BLACKPINK အဖွဲ့မှာတော့ သူက Lisa အတူ လူရွှင်တော်သာ ဖြစ်ပါတယ်။ Jisoo က အဖွဲ့ဝင်တွေကို စမယ်၊ နောက်မယ်၊ ဆေးထိုးမယ်၊ ပျော်ပျော်နေမယ်။ ဒါက သူ့စတိုင်ပါပဲ။

ဒါကြောင့် ပရိသတ်တွေက Jisoo ကို အလွန်သဘောကျပြီး TV Entertainment Shows တွေမှာ Jisoo ကို မြင်ရဖို့ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။

Jisoo က သူ့ကိုယ်သူကတော့ ခေါင်း၊ ပုခုံးတွေနဲ့ အရာဝတ္ထုတွေကို balancing လုပ်တဲ့ နေရာမှာ ဆရာတစ်ဆူလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကင်မရာရှေ့မှာရော အပြင်မှာပါ Jisoo ဟာ Jisoo ဖြစ်ရတာကို ရှက်ရွံ့နေသူမဟုတ်ပါဘူး။ ဒါကိုပဲ ပရိသတ်တွေက ချစ်ကြတာပါ။

– Cj
via Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page