K pop

■ အိပ်မက်နောက်လိုက်သူတွေ မှတ်သားသင့်တဲ့ Jisoo ရဲ့ အကြံပေးစကား

– – – အိပ်မက်နောက်ကိုလိုက်ကြမယ့် လူငယ်တွေအတွက် Jisoo ရဲ့ အကြံပေးစကားက လိုက်နာမှတ်သားဖို့ ကောင်းလွန်နေပါတယ် …

ELLE မဂ္ဂဇင်းနဲ့ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Jisoo က သူမရဲ့ ခံယူချက်၊ ဘဝအကြောင်းတွေကို ပွင့်လင်းစွာ ပြောပြခဲ့သလို၊ စံထားတဲ့ပုဂ္ဂိုလ်တွေလို ဖြစ်လာဖို့ ကြိုးစားနေတဲ့ လူငယ်တွေအတွက် အလွန်ကောင်းတဲ့ အကြံတစ်ခုကို ပေးခဲ့ပါတယ်။

“ကျွန်မကတော့ လူတွေကို ကိုယ့်အိပ်မက်နောက်ကို လိုက်ဖို့ပဲ ပြောချင်ပါတယ်။ ကိုယ်ရဲ့ စံပြပုဂ္ဂိုလ်တွေနဲ့ တူအောင် ကြိုးစားတာ။ သူလိုမျိုးဖြစ်ချင်လိုက်တာဆိုတာထက် ကိုယ့်ရဲ့အိပ်မက်၊ ကိုယ့်ရဲ့ ရည်မှန်းချက်နောက်ကိုပဲ တွေဝေမနေနဲ့ လိုက်စေချင်ပါတယ်”
– Jisoo

Jisoo က သူမအနေနဲ့ အရင်တုန်းက စံပြအဖြစ်ခံယူထားတဲ့ သူတွေနဲ့ တူဖို့ ကြိုးစားခဲ့ဖူးကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

“အရင်တုန်းက ကျွန်မအနေနဲ့ ကိုယ်စံပြအဖြစ် ခံယူထားတဲ့သူတွေလို ဖြစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ သူတို့လိုဖြစ်ဖို့ ကြိုးစားတာကို အောင်မြင်တယ်လို့ မခံစားဘဲ ခံစားချက်ပါ မဲ့ခဲ့ရပါတယ်။ ကျွန်မကတော့ လူတိုင်းကို ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို လိုက်ပြီး ကိုယ့်ရင်တွင်းအသံကို နားဆင်စေပါတယ်”
– Jisoo

Jisoo က ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသလို၊ အဲဒီလို Beautiful ဖြစ်လွန်းတဲ့ နှလုံးသားကိုပိုင်ဆိုင်ထားတာ ဖြစ်လို့ BLINK ချစ်ကြတာ ဆန်းတယ်လို့တော့ မဆိုနိုင်ပါဘူး။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page