K pop

■ အောင်မြင်မှုနောက်ကွယ်က Jisoo ရဲ့ ခံယူချက်

– – – “သူများကို အားကိုးဖို့ တွေးတောင်မတွေးဖူးဘူး။ ကိုယ့်ရဲ့ အခက်အခဲတွေကို ဖွင့်ပြောရတာ မကြိုက်ဘူး”

Jisoo ဟာ BLACKPINK အဖွဲ့အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်ပေမယ့် အသက်က (၂၆) ပဲ ရှိသေးတာပါ။ ဒါပေမဲ့ Jisoo က အရွယ်မလိုက်အောင် ရင့်ကျက်တည်ငြိမ်သူဖြစ်ပြီး အခက်အခဲတွေကို ကိုယ်တိုင်ကျော်ဖြတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“ငယ်ငယ်ကတည်းက ပြန်ကြည့်မယ်ဆိုရင် ကျွန်မက စိတ်ဓာတ်မာတဲ့လူဖြစ်တယ်ဆိုတာ သိပါတယ်။ ဘယ်လိုအခက်အခဲတွေပဲ တွေ့တွေ့ သူများကို အကူအညီတောင်းဖို့ ကျွန်မ ဘယ်တုန်းကမှ မတွေးဖူးပါဘူး။ ပြဿနာပေါ်လာရင် ဒီပြဿနာကို ဘယ်လိုကျော်ဖြတ်ရမလဲ ကျွန်မတွေးလေ့ရှိတယ်။ အခက်အခဲတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့လို့လည်း ဒီနေ့ Jisoo ဖြစ်လာတာပါ”
– Jisoo

Jisoo ဟာ အခုအချိန်မှာ ချစ်စရာညီမလေး (၃)ယောက်ကို ပိုင်ဆိုင်ထားပေမယ့် သူမရဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို သူများတွေကို ပြောပြရတာ မကြိုက်ဘူးလို့ ဆိုပါတယ်။

“ကျွန်မအနေနဲ့ အခုထက်ထိ ကိုယ့်ရဲ့အခက်အခဲတွေ၊ ပြဿနာတွေကို ပြောပြရတာ မကြိုက်ပါဘူး။ လူတွေက Jisoo လို့ တွေးလိုက်တာနဲ့ ပြုံးနေတဲ့ ကောင်မလေးအဖြစ်ပဲ ကျွန်မကို သတိရစေချင်ပါတယ်”
– Jisoo

Jisoo ကတော့ အဲဒီလို ပြောခဲ့ပေမယ့် ဒီနေ့မှာတော့ Jisoo ပင်ပန်းလာရင် နားခိုဖို့အတွက် BLINK တွေရဲ့ ပုခုံးတွေ အသင့်ရှိနေတယ်လို့ BLINK တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page