– – – အောင်မြင်တဲ့ K-pop အဖွဲ့အဖြစ် ရပ်တည်နိုင်တာနဲ့အမျှ စိုးရိမ်သောကတွေလည်း ရှိနေတယ်လို့ Jisoo က ဝန်ခံခဲ့တာပါ။
၂၀၁၆ ခုနှစ်မှာ ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ အခုဆိုရင် ထိပ်တန်း K-pop အဖွဲ့တွေထဲမှာ တစ်ဖွဲ့အပါအဝင်ဖြစ်နေပါပြီ။ ပရိသတ်တွေရဲ့ အားပေးမှု၊ တောင်းဆိုမှုတွေ များလာတာနဲ့အမျှ အနုပညာတိုင်း ကြုံတွေ့ရတဲ့ သောကတွေလည်း သူတို့မှာ ရှိနေပါတယ်။
“အခုဆိုရင် ကျွန်မတို့အနေနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ကိုက်ညီအောင် လုပ်ပေးရမယ့် တာဝန်ရှိနေပါပြီ။ Trainee ဘဝမှာတုန်းကတော့ စတိတ်စင်ပေါ် ဖျော်ဖြေနိုင်ဖို့လောက်ပဲ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ငါတို့ရဲ့ ဖျော်ဖြေမှုတွေကို ပရိသတ်တွေ ကြိုက်မှ ကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးရှိပါတယ်။ ပြီးတော့ အားပေးတဲ့ ပရိသတ်တွေ စိတ်ကျေနပ်မှုရဖို့ ကျွန်မတို့ အပြည့်အဝတာဝန်ရှိတယ်လို့ ခံစားရပါတယ်”
– Jisoo
Jennie ကလည်း BLACKPINK အဖွဲ့မှာ သာမက သူတို့အဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီမှာလည်း ပရိသတ်တွေ ကျေနပ်လောက်အောင် ဖျော်ဖြေနိုင်ဖို့ တာဝန်ရှိကြောင်းနဲ့ အဲဒီတာဝန်တွေကို တစ်ယောက်အပေါ် တစ်ယောက် ကူညီရင်း၊ တိုင်ပင်ရင်း အကောင်းဆုံးဖြစ်ကြောင်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။
– ဃဲ
Ref: Soompi & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***