K pop

■ Hater တွေအတွက် Kim Jisoo ရဲ့ မျက်ရည်နှစ်စက်

— – – Hater တွေလား ? မုန်းလို့ဝအောင်သာ မုန်းထား။ Kim Jisoo အတွက်တော့ …

Malicious comments နဲ့ anti-fan တွေဟာ K-pop မှာ ရွံ့စရာအကောင်းဆုံးအရာတွေ ဖြစ်ပြီး ဒါတွေကို K-pop idol တွေအနေနဲ့ မလွဲမသွေရင်ဆိုင်နေရပြီး တချို့ဆို ကိုယ်စိတ် ကျန်းမာရေးတွေ ထိခိုက်ကာ ဘဝ အဆုံးသတ်သွားတာမျိုးအထိ ရှိပါတယ်။

တချို့ Idol တွေကတော့ အဲဒီအရာတွေကိုလည်း အကောင်းဘက်ကပဲ တွေးပြီး Positive အဖြစ် ပြောင်းလဲပစ်သူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ BLACKPINK အဖွဲ့ဝင် Jisoo ကလည်း တစ်ယောက်အပါအဝင်ပါပဲ။

Jisoo ဟာ BLACKPINK အဖွဲ့မှာ အကြီးဆုံးဖြစ်သလို၊ ဘဝနဲ့ ပတ်သက်ပြီး အလွန်ရင့်ကျက်သူလည်း ဖြစ်ပါတယ်။ သူမရဲ့ မူလရည်မှန်းချက်က မင်းသမီးလုပ်ဖို့ဖြစ်ပေမယ့် BLACKPINK အဖွဲ့ဝင် ဖြစ်ရတာကိုပဲ ဂုဏ်ယူမဆုံးဖြစ်ရတယ်လို့ Jisoo က ဆိုပါတယ်။

Hater တွေ ပတ်သက်ပြီး Jisoo ရဲ့ ခံယူချက်က ဘယ်လောက်အထိ ပြတ်သားသလဲဆိုရင် သူ့ကို ဝေဖန်ပုတ်ခတ်သူတွေကြောင့် BLINK တွေက စိုးရိမ်နေမှာကိုတောင် သူက စိတ်ပူနေပြီး အဲဒီလူတွေကို သူ့အတွက် ချေပနေမယ့်အစား ပရိသတ်တွေကို ကျန်းမာရေးဂရုစိုက်ဖို့နဲ့ သူတို့နဲ့အတူ မမေ့နိုင်စရာ အခိုက်အတန့်တွေ ဖန်တီးဖို့ကိုပဲ မှာကြားလေ့ရှိသူပါ။

“ကျွန်မကို ချစ်တဲ့သူတွေက ထာဝရချစ်ကြပါလိမ့်မယ်။ ကျွန်မကို အားပေးတဲ့သူတွေက ထာဝရအားပေးကြပါလိမ့်မယ်။ သူတို့က ကျွန်မဘက်မှာ အမြဲရှိနေမှာပါ။ ဒီတော့ အကြောင်းပြချက်မရှိဘဲ မုန်းချင်သူတွေ မုန်းပါစေ။ ကျွန်မ ဂရုလည်း မစိုက်ပါဘူး။ ကျွန်မကို ချစ်တဲ့သူတွေနဲ့တောင် အချိန်မအားဘူး”လို့ Jisoo က ခပ်ပြတ်ပြတ်ပဲ ပြောဆိုထားပါတယ်။

ဘယ်သူတွေ ဘယ်လောက်ပဲ မုန်းနေပါစေ။ Kim Jisoo က အဲဒီအထဲကနေ ပျော်စရာကို ရှာဖွေနိုင်တဲ့ ရင့်ကျက်သူတစ်ဦးဖြစ်ပြီး သူ့ကို ပိုင်ဆိုင်ထားတာဟာ တခြား BLACKPINK အဖွဲ့ဝင်တွေအတွက် ခွန်အားဖြစ်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။

— ဃဲ
Ref: BeBoss TV & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page