K pop

■ သူမရဲ့ မျက်နှာပြောင်အလှကို Jisoo ဘယ်နှမှတ်ပေးမလဲ ?

— – – Jisoo လှတယ်ဆိုတာတော့ Hater တွေကလွဲပြီး လူတိုင်းလက်ခံကြမှာပါ။ ဒီတော့ Jisoo လှတယ်ဆိုရင် အမှတ် (၁၀၀) မှာ ခင်ဗျား ဘယ်နှမှတ်ပေးမလဲ ? Jisoo ကရော သူ့ကိုသူ ဘယ်နှမှတ်ပေးမယ် ထင်လဲ ?

ပထမမေးခွန်းကိုတော့ ခင်ဗျားကိုယ်တိုင် ဖြေရပါလိမ့်မယ်။ ဒုတိယမေးခွန်းကို Jisoo ကိုယ်တိုင် အဖြေပေးထားပါတယ်။ BLACKPINK အဖွဲ့ဟာ တစ်ခါတုန်းက MBC ရဲ့ FM4U ဆိုတဲ့ ရေဒီယိုအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့တာပါ။

အဲဒီတုန်းက အစီအစဉ်တင်ဆက်သူ Kim Shin Young က “Jisoo မင်းမျက်နှာအလှနဲ့ ပတ်သက်လို့ အမှတ် (၁၀၀)မှာ ဘယ်လောက်ပေးမလဲ”ဆိုပြီး မေးမြန်းခဲ့ရာမှာတော့ Jisoo က “အမှတ် (၈၀) ပဲ ပေးမယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

BLACKPINK အဖွဲ့ဝင်တွေက အမှတ် (၁၀၀)ကျော် ပေးသင့်တာပေါ့လို့ ပြောဆိုခဲ့ကြပြီး Kim Shin Young က “ဘာကြောင့် အမှတ် (၈၀) ပဲ ပေးရတာလဲ”လို့ Jisoo ကို ပြန်မေးခဲ့ပါတယ်။

အဲဒီအခါ Jisoo က “အမှတ် (၁၀၀)မှာ (၈၀)ပဲ ပေးတာက မိတ်ကပ်မပါတဲ့ ကျွန်မမျက်နှာကို ကျွန်မ မြင်ဖူးလို့ပါပဲ။ ဒါကြောင့် အမှတ် ၂၀ နုတ်လိုက်တာပါ”လို့ ပြောဆိုခဲ့တာပါ။

Jisoo ကတော့ သူမရဲ့ လှပတဲ့ မျက်နှာလေးကို အမှတ် (၁၀၀) မှာ (၈၀)ပဲ ပေးပါသတဲ့။ ခင်ဗျားကရော Jisoo ရဲ့ မျက်နှာလေးကို ဘယ်နှမှတ်ပေးမလဲ ?

— ဃဲ
Ref: FM4U & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page