K pop

■ Jisoo ပြောပြတဲ့ သူမရဲ့ ငယ်ဘဝကြေကွဲဇာတ်လမ်း

— – – အမြဲတမ်းပြုံးနေတတ်တဲ့ ချစ်စရာကောင်မလေးရဲ့ ရင်တွင်းအနာနဲ့ အတိတ်ကြေကွဲဇာတ်လမ်းက ရင်ကွဲစရာပါ။

BLACKPINK ရဲ့ Netflix documentary ဖြစ်တဲ့ BLACKPINK: Light Up The Sky မှာ BLACKPINK အဖွဲ့ရဲ့ သင်တန်းသူဘဝကနေ ဒီနေ့အချိန်အထိ ဖြတ်သန်းခဲ့ရတာတွေကို ဖော်ပြထားပြီး သူတို့ရဲ့အတိတ်၊ ပစ္စုပ္ပန်အကြောင်းအရာတွေ ပါဝင်ပါတယ်။

အဲဒီ Documentary မှာ ငယ်ငယ်တုန်းက ရုပ်ဆိုးတယ်ဆိုပြီး အမျိုးတွေ(ဆွေမျိုးရင်းချာတွေ)ဆီမှာ နင်ပြားတစ်ယောက်လို မတူမတန်ဆက်ဆံခံရတဲ့ Jisoo ရဲ့ ငယ်ဘ၀ ကြေကွဲဇာတ်လမ်းလေးတစ်ပုဒ်လည်း ပါဝင်နေတာပါ။

Jisoo က “ကျွန်မ ငယ်ငယ်တုန်းက အရုပ်ဆိုးတယ်ဆိုပြီး အမျိုးတွေက ကျွန်မကို နင်းပြားတစ်ယောက်လိုမျိုး မတူမတန် ဆက်ဆံကြပါတယ်။ သူတို့က ကျွန်မကို မျောက်လို့တောင် ခေါ်ကြတယ်”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

Jisoo ရဲ့ စကားကြားပြီးနောက် BLACKPINK အဖွဲ့ရဲ့ Makeup Artist က “အဆင်ပြေပါတယ်။ နင် အခု အရမ်းချောတဲ့ လူတစ်ယောက် ဖြစ်နေပါပြီ”လို့ အားပေးခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page