— – – သိပ်မကြာခင်ကပဲ ငါ TV နဲ့ ရန်ဖြစ်ခဲ့သေးတယ်လို့ အစချီကာ TV နဲ့ Jisoo ရန်ဖြစ်ခဲ့ပုံက ….
BLACKPINK အဖွဲ့ဟာ The Swoon မှာ ပါဝင်ခဲ့ပြီး သူတို့ရဲ့ အကြောင်းတွေ၊ အဖွဲ့လိုက် လှုပ်ရှားမှုတွေနဲ့ နောက်ဆုံးထွက် The Album အကြောင်းတွေကို ပြောပြခဲ့ကြပါတယ်။
အဲဒီမှာ Jennie က သူတို့ဟာ အိမ်မွေး အချစ်တော် ခွေးလေး၊ ကြောင်လေးတွေနဲ့ စကားပြောလေ့ရှိသလို၊ တစ်ခါတလေ အရာဝတ္ထုတွေနဲ့ စကားပြောတတ်ကြောင်း ဖွင့်ဟခဲ့ပြီး Jisoo က TV နဲ့ ရန်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြခဲ့တာပါ။
Jisoo က “သိပ်မကြာခင်ကပဲ TV နဲ့ ငါ ရန်ဖြစ်ခဲ့သေးတယ်။ ပထမက ငါ Netflix ကြည့်နေတာလေ။ ဒါနဲ့ ခဏကြာတော့ TV mode ကို ပြောင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပြောင်းရမလဲ ငါ မသိဘူး။ ဒီတော့ ငါလည်း ဒေါသ ထွက်ပြီး TV ကို နင် ဘာဖြစ်နေတာလဲ ဆိုပြီး ကြိမ်းခဲ့သေးတယ်။ ဒါနဲ့တင် အားမရသေးဘဲ ဒေါသက တော်တော်လေး ထွက်နေတော့ TV mode ကို ပြောင်းစမ်း၊ TV mode ကို ပြောင်းစမ်း ဆိုပြီးလည်း TV ကို ငါအော်ခဲ့သေးတယ်”လို့ ပြောဆိုခဲ့တာပါ။
Jisoo ရဲ့ TV နဲ့ ရန်ဖြစ်ခဲ့တဲ့ပုံပြင်ကို ကြားပြီးနောက်မှာတော့ BLACKPINK အဖွဲ့ဝင်တွေက ရယ်မောခဲ့ကြပါတယ်။
— ဃဲ
Ref: Koreaboo & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***