K pop

■ BTS အဖွဲ့ကို Disband လုပ်ရမဲ့ဘေးက ကယ်တင်ခဲ့တဲ့ သီချင်းတစ်ပုဒ်

— – – ဒါတွေကို မသိတဲ့သူတွေကတော့ ဟုတ်ပါမလားလို့ ထင်ချင်စရာဖြစ်နေပါလိမ့်မယ်။ အောင်မြင်မှုရဖို့ ခက်ခဲလွန်းခဲ့တဲ့ BTS ရဲ့ လျှောက်လမ်းမှာ ဒီသီချင်းက သူတို့ကို …

၂၀၁၃ မှာ ပွဲထွက်ခဲ့တဲ့ BTS အဖွဲ့အတွက် K-pop လျှောက်လမ်းဟာ အတော်လေးကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူတို့ရဲ့ အေဂျင်စီဖြစ်တဲ့ Big Hit ဟာ သူတို့မတိုင်ခင် အမျိုးသမီးအဖွဲ့တစ်ဖွဲ့ ပွဲထုတ်ခဲ့သေးပေမဲ့ Scandal တွေကြောင့် အတော်လေး အခက်တွေ့ခဲ့ရပါတယ်။

ဒါကြောင့် BTS အဖွဲ့ကို ပွဲထုတ်ခဲ့ပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေက BTS ဆီမှာ ဝေ့သီနေခဲ့တာပါ။ ဒါပေမဲ့ BTS အဖွဲ့ဟာ ပွဲထွက်ကတည်းက ဝေဖန်မှုများစွာ၊ ခက်ခဲမှုများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး Music Show မှာ ဆုရဖို့တောင် အတော်ကို ခက်ခဲတာပါ။

၂၀၁၅ ခုနှစ်မှာ BTS အဖွဲ့ဟာ I Need You ဆိုတဲ့ သီချင်းကို ထုတ်ခဲ့ပါတယ်။ အဲဒီသီချင်းမှာ မအောင်မြင်ရင် BTS အဖွဲ့ဟာ Disband လုပ်ဖို့ထိတောင် သူတို့ စီစဉ်ပြီးသား၊ တွေးပြီးသားပါ။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီ I Need You သီချင်းဟာ BTS အဖွဲ့အတွက် အောင်မြင်မှုတွေကို ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။ BTS အဖွဲ့ဟာ အဲဒီသီချင်းနဲ့ပဲ သူတို့အတွက် အရမ်းခက်ခဲနေတဲ့ Music Show ဆုကို ရယူနိုင်ခဲ့ပြီး အဲဒီသီချင်းဟာ ဒီနေ့ BTS ဖြစ်လာဖို့ အကူအညီဖြစ်စေခဲ့တာပါ။

လက်ရှိအချိန်မှာတော့ BTS အဖွဲ့ဟာ မြင်တဲ့အတိုင်းပါပဲ။ သူတို့ဟာ စံချိန်ပေါင်းများစွာကိုရိုက်ချိုးပြီး လက်ရှိမှာ ကမ္ဘာကျော် World Star အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page