K pop

■ 2021 မှာ Idol Group အသစ်တွေ Debut လုပ်ဖို့ Big 4 Label တွေ စီစဉ်နေ

—- 2021 ခုနှစ်ကတော့ K-popper တွေအတွက် အလုပ်ရှုပ်လာမယ့်နှစ်ဖြစ်ပါလိမ့်မယ်။

2021ခုနှစ်မှာ အနည်းဆုံး K-pop Idol Group အသစ် အနည်းဆုံး (10)ဖွဲ့လောက် Debut လုပ်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ 2 ရက်နေ့က Media Outlet EDAILY ရဲ့ဖော်ပြချက်အရ Big 4 Entertainment ကုမ္ပဏီ အပါအဝင် Entertainment 10 ခုဟာ ဒီနှစ်ထဲမှာ Boy Group နဲ့ Girl Group အသစ်တွေကို Debut လုပ်ဖို့ အစီအစဉ်ဆွဲထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

2021 ခုနှစ်မှာ MLD Entertainment ဟာ T1419 ၊ SM၊ YG၊ JYP နဲ့ BigHit Entertainment တို့ဟာ Idol Group အဖွဲ့သစ်တွေကို Debut လုပ်ဖို့ ထုတ်ဖော်ထားတာဖြစ်ပါတယ်။ SM Entertainment ဟာ NCT universe ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ Boy Group အသစ် Debut လုပ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။

YG နဲ့ Big Hit Entertainment တို့ဟာလည်း ဒီနှစ်ထဲမှာ New Girl Group ထွက်မယ်လို့ ထုတ်ပြန် ထားတာပါ။ JYP Entertainment ဟာလည်း Rookie Boy Group နှစ်ဖွဲ့လုပ်ဖို့ စီစဉ်ထားပြီး တစ်ဖွဲ့က ကိုရီးယားမှာ၊ တစ်ဖွဲ့က တရုတ်မှာ Debut လုပ်မယ်လို့ သတင်းတွေထွက်နေပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page