Celebrity

■ စစ်မှုတာဝန်ပြီးဆုံးပြီး ပရိသတ်တွေဆီပြန်လာပြီဖြစ်တဲ့ Lee Jong Suk

—- ပရိသတ်တွေထံ မင်းသားချော Lee Jong Suk ပြန်လာပါပြီ…

ဇန်နဝါရီလ 2 ရက်နေ့က Lee Jong Suk ဟာ သူ့ရဲ့ စစ်မှုတာဝန်ဖြစ်တဲ့ Public Service Worker တစ်ဦးအနေနဲ့ တာဝန်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

မင်းသား Lee Jong Suk ဟာ 2019 ခုနှစ် မတ်လတုန်းက စစ်မှုတာဝန်ကို စတင်ထမ်းဆောင်ခဲ့သူဖြစ် ပြီး အသက် 16 နှစ်အရွယ်မှာ ကားအက်ဆီဒင့်ဖြစ်ဖူးတာကြောင့် Active-Duty Soldier တစ်ဦးအနေနဲ့ တာဝန်မထမ်းဆောင်နိုင်ဘဲ Public Service Worker အဖြစ်သာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Lee Jong Suk ဟာ တာဝန်ပြီးဆုံးပြီးနောက် သူ့ရဲ့ Instagram အကောင့်မှာ ဓါတ်ပုံနဲ့အတူ “ ကျွန် တော်ပြန်လာပြီ” လို့လည်း ရေးသားခဲ့ပါတယ်။

အခြားသတင်းတွေအရ Lee Jung Suk ဟာ လာမယ့် Netflix movie ‘The Witch: Part 1 – The Subverstion’, ‘The Witch: Part 2’ စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ Lee Jung Suk ဟာ အရင်ကတည်းက အဆိုပါ ရုပ်ရှင်တွေမှာပါဝင်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် စစ်မှု ထမ်းရမယ့် အချိန်ရောက်လာတာကြောင့် လွဲချော်ခဲ့တာပါ။

-m2t
Ref: Allkpop

You cannot copy content of this page