Celebrity

■ သမီးနှစ်ယောက်ဟာ Rain နဲ့ ဆင်သလား… Kim Tae Hee နဲ့ ဆင်သလား

—- Rain နဲ့ Kim Tae Hee တို့ရဲ့ ရင်သွေးရတနာလေးတွေဟာ ဘယ်သူနဲ့တူသလဲလို့ ထင်ပါလဲ…

Rain ဟာ ဇန်နဝါရီလ 2 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ‘Knowing Brothers’ အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အဲဒီမှာ သူ့သမီးနှစ်ယောက်ဟာ ဘယ်သူနဲ့ပိုတူသလဲဆိုတာကို ပြောခဲ့ပါတယ်။

အစီအစဉ်မှာ Rain က “ TV ပေါ်မှာ J.Y.Park ပါတဲ့အစီအစဉ်တွေကို ကျွန်တော်အမြဲတမ်းကြည့်ပါ တယ်။ ကျွန်တော်မိသားစုဟာ ‘When We Disco’ကို ကြည့်ပါတယ်။ သမီးတွေဟာ သီချင်းတွေ လည်းလိုက်ဆိုပြီး ကနေကြတာပါ။ သူတို့ရဲ့ကနေတာကို ဗီဒီယိုရိုက်ပြီး J.Y.Park ဆီ ကျွန်တော်ပို့ ပေးဖူးပါတယ်” လို့ ပြောခဲ့ပါတယ်။

ထပ်ပြီးတော့ Rain က “ သမီးတွေဟာ ကျွန်တော့်ကို Rain လို့ခေါ်သလို သူ့အမေကိုတော့ Kim Tae Jji လို့ခေါ်ပါတယ်” လို့ပြောတဲ့အချိန်မှာ သမီးတွေက ဘယ်သူနဲ့တူသလဲလို့ မေးခံခဲ့ရပါတယ်။ Rain က “ သမီးနှစ်ဦးစလုံးဟာ သူ့အမေနဲ့ပိုတူပါတယ်။ ကျွန်တော့်မှာ မျက်ရစ်မရှိပါဘူး။ သမီးနှစ်ဦးစလုံးက တော့ သူ့အမေလိုပဲ မျက်ရစ်နှစ်ထပ်ရှိပါတယ်” လို့ ဖြေခဲ့ပါတယ်။

J.Y.Park ကလည်း သူ့သမီးတွေနဲ့ပတ်သက်ပြီး ပြောခဲ့ပါသေးတယ်။ “ ကျေးဇူးတင်စွာပဲ…ကျွန်တော့် သမီးရဲ့မျက်လုံးတွေနဲ့ မျက်ရစ်တွေဟာ ကျွန်တော်နဲ့တူပါတယ်။ ဒါပေမဲ့ မျက်နှာနဲ့ခေါင်းကတော့ ကျွန် တော့်မိန်းမနဲ့ တူပါတယ်။ ကျွန်တော်တို့ဟာ Rain ရဲ့ မိသားစုနဲ့ မကြာခဏတွေ့ပါတယ်။ ကျွန်တော်တို့ နှစ်ဦးစလုံးမှာ သမီးနှစ်ယောက်စီမွေးထားကြပါတယ်။ ဒါကြောင့် သမီး (၄)ဦးကို Girl Group အဖွဲ့ဖွဲ့ ပေးဖို့ စဉ်းစားနေပါတယ်” ဆိုပြီး ရယ်မောကာ ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page