— ကိုရီးယားနာမည်ကြီး DJ ၊ Comedian ၊ MC ၊ Singer နဲ့ Songwriter တစ်ဦးဖြစ်သူ Park Myung Soo ဟာ G-Dragon ရဲ့ ပရိသတ်ဖြစ်ပြီး သူ့အချစ်တွေကို ထုတ်ဖော်ပြသခဲ့…
Park Myung Soo ဟာ G-Dragon အပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေကို သူ့ရဲ့ ရေဒီယိုရှိုးအစီအစဉ်ဖြစ် တဲ့ KBS Cool FM’s ‘Park Myung Soo’s Radio Show’ မှာ ပြသခဲ့တာပါ။
ရှိုးအတွင်းမှာ Park Myung Soo က “ G-Dragon မှာ သူများနဲ့မတူတဲ့ Cute Style လေးရှိပါတယ်။ G-Dragon သာ ကျွန်တော့်ကို မနက် 3:30 AM ဖုန်းခေါ်လည်း ချက်ချင်း ကျွန်တော် ထထွက်သွားမှာ ပါ” လို့ ပြောခဲ့ပါတယ်။
နောက်ပြီး Park Myung Soo ဟာ ရှိုးပွဲမပိတ်သိမ်းခင် G-Dragon ရဲ့ နာမည်ကြီးသီချင်း “Untitled, 2014” ကို မိတ်ဆက်ခဲ့သလို “ ကျွန်တော့်မှာ အခွင့်အရေးရှိရင် G-Dragon ကို ဒီ ရှိုးဆီဖိတ်ခေါ်ချင်ပါ တယ်။ G-Dragon ဟာ ကျွန်တော်အရမ်းရင်းနှီးချင်တဲ့ Cele တစ်ဦးဖြစ်ပါတယ်” လို့လည်း ပြောခဲ့ပါ တယ်။
Park Myung Soo နဲ့ G-Dragon တို့ဟာ အရင်တုန်းက Variety Show နဲ့ ဆုပေးပွဲအခမ်းအနားတွေမွာ မကြာခဏဆုံခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။
-m2t
Ref: Allkpop