— ONCE တွေအတွက် Happy New Year မက်ဆေ့ချ်တွေ TWICE အဖွဲ့ဝင်တွေ ဘယ်လိုပေးထား လဲဆိုတာကို …
1) Sana
Sana က ONCE တွေကို 2021 ခုနှစ်မှာ အရသာရှိတဲ့ အစားအသောက်တွေ အများကြီးစားနိုင်ပါစေ လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
2) Tzuyu
Tzuyu ကတော့ ပရိသတ်တွေကို ပျော်ရွှင်ပြီး ကျန်းမာပါစေလို့ ဆုတောင်းခဲ့ပါတယ်။
3) Dahyun
“ ဟိုင်း…Dahyun ပါ…2021 နှစ်သစ်ပေါ့နော်…ပရိသတ်တွေ အားလုံး ပျော်ရွှင်ကျန်းမာပါစေ” – Dahyun
4) Nayeon
“ 2021 ခုနှစ်မှာ ONCE တွေအားလုံး ကျန်းမာပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေးပိုင်ဆိုင်ပါစေ” – Nayeon
5) Chaeyoung
Chaeyoung ကတော့ ပရိသတ်တွေအနေနဲ့ နှစ်ဟောင်းက စိတ်ညစ်စရာအခက်အခဲတွေကို အကုန် လုံးမေ့ပစ်ပြီး နှစ်သစ်မှာ ပိုကောင်းအောင် ကြိုးစားကြဖို့နဲ့ ဖိုက်တင်းဆိုပြီး အားပေးခဲ့ပါတယ်။
6) Mina
“ ကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို သွားကြတာပေါ့…ONCE တွေ” – Mina
7) Jihyo
Jihyo ကတော့ 2021 ခုနှစ်ပျော်ရွှင်မှုဟာ ငါတို့အတွက်ပါဆိုပြီး ONCE တွေကို အားပေးခဲ့ပါတယ်။
8) MoMo
MoMo ကလည်း ပရိသတ်တွေကို နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာချမ်းမြေ့ပါစေဆိုပြီး ပြောခဲ့ပါတယ်။
နှစ်သစ်ကူး မက်ဆေ့ချ်မှာ Jeongyeon တစ်ယောက်တော့ ကျန်းမာရေးကြောင့်အနားယူနေတာ ကြောင့် မပါဝင်ခဲ့ပါဘူး။
-m2t
Ref: Koreaboo