K pop

■ SoundCloud မှာ Stream အများဆုံးဖြစ်ခဲ့တဲ့ ကိုရီးယား Soloist

— BTS အဖွဲ့ဝင် V ဟာ 2020 ခုနှစ် SoundCloud မှာ Stream အများဆုံး ကိုရီးယား Soloist တစ်ဦး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

V ရဲ့ Solo သီချင်းအားလုံး 6 ပုဒ်ရှိပြီး 2020 ခုနှစ် SoundCloud မှာ အားလုံးပေါင်း Stream 458.8 သန်းခန့်ရှိခဲ့တာပါ။ ဒါကြောင့် V ဟာ SoundCloud မှာ Stream အများဆုံး ကိုရီးယား Soloist အဖြစ် နှစ်နှစ်ဆက်တိုက်ရပ်တည်ခဲ့တယ်လို့လည်း သိရပါတယ်။

BTS အဖွဲ့ရဲ့ Official အကောင့်ဟာ SoundCloud ပလက်ဖောင်းပေါ်မှာ Stream 1.455 သန်းခန့်ရှိပါ တယ်။ V ရဲ့ သီချင်းအားလုံး Stream က 458.8 သန်း ခန့်ရှိတာကြောင့် BTS အဖွဲ့ရဲ့ Stream 30 ရာခိုင်နှုန်းခန့်က V သီချင်းတွေရဲ့ Stream ကြောင့်ဆိုရင်လည်း မမှားပါဘူး။

BTS အဖွဲ့ဝင် V ရဲ့ သီချင်းတွေ OST တွေကို ပရိသတ်တွေက အလွန်နှစ်သက်ကြပြီး Streaming Music ပလက်ဖောင်းတွေမှာ စံချိန်မိုင်တိုင်အများအပြားကိုလည်း စိုက်ထူးထားတာအားလုံးသိကြပါ တယ်။ မကြာသေးခင်ကလည်း V ဟာ ဂျပန်နိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး K Cele၊ တရုတ်မှာ ပေါ်ပြူ လာအဖြစ်ဆုံး Idol အဖြစ် ရပ်တည်ခဲ့သူလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page