K pop

■ Debut လုပ်ပြီးကတည်းက တစ်ခါမှမဒိတ်ဘူးတဲ့ Song Min Ho

—- Winner အဖွဲ့ဝင် Song Min Ho က သူဟာ Debut လုပ်ပြီးကတည်းက တစ်ခါမှ မဒိတ်ဘူးတာ ကြောင့် အထီးကျန်ပါတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

Winner အဖွဲ့ဝင် Song Min Ho နဲ့ Sechskies’s Eun Ji Won တို့ဟာ ဇန်နဝါရီလ 1 ရက်နေ့က ပြသ ခဲ့တဲ့ JTBC’s ‘Gamsung Camping’ အစီစဉ်မှာ ဧည့်သည်အနေနဲ့ပါဝင်ခဲ့ပြီး Cast Member တွေဖြစ် တဲ့ Ahn Young Mi၊ Park Na Rae၊ Park So Dam၊ MAMAMOO’s Solar ၊ A Pink’s Na-Eun တို့နဲ့ အကြောင်းအရာမျိုးစုံ စကားတွေပြောခဲ့ကြပါတယ်။

အစီအစဉ်တွင်းမှာ Cast Member တွေဟာ Dating ပုံပြင်နဲ့ပတ်သက်ပြီးရင်ဖွင့်ခဲ့ကြပါတယ်။ အဲဒီမှာ Song Min Ho ဟာ “ မင်းအနေနဲ့ Date ဖို့ အစီအစဉ်မရှိဘူးလား” လို့ မေးမြန်းခံခဲ့ရပါတယ်။

Song Min Ho က “ ကျွန်တော် နေ့တိုင်း အထီးကျန်တယ်လို့ ဆိုရမှာပါ။ ကျွန်တော် Idol အဖြစ် Debut လုပ်ပြီးကတည်းက အခုထိ တစ်ခါမှ မဒိတ်ဖူးပါဘူး” လို့ ပြောခဲ့ပါတယ်။ Song Min Ho ဟာ 2013 ခုနှစ်က Winner အဖွဲ့ဝင်အဖြစ် Debut လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် 7နှစ်ကျော်ပြီဖြစ်ပါတယ်။ အဲဒီ 7 နှစ်ကျော်အတွင်း တစ်ခါမှ မဒိတ်ဘဲ အနုပညာလုပ်ငန်းတွေကိုပဲ အာရုံစိုက်ခဲ့သူဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page